Chapter - 21 [Uni]

7.2K 1.2K 7
                                    

- "Craftsman Time’s House"

Rong Mingshi ကသူ့စိတ်ကိုထွင်းထုသည့်အရာများနှင့်သာမကသူ့ကိရိယာများနှင့်ပါပေါင်းစပ်လိုက်တယ်။ နဂါးအကြေးခွံများဖြင့်ပြုလုပ်ထားတဲ့ထွင်းထုဓားများကအလွန်ချောမွေ့ပြီးသူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုနှင့်ပင်တူလေတယ်။ ကျားသစ်လေးကသူ့ဘေးမှာ Aojia မရှိဘဲနဲ့တောင်နဂါးနက်ကြီးကသူနဲ့အတူရှိနေသလိုခံစားရတယ်။ အဲ့ဒီ့အခြေ‌အနေမှာဓားတွေရဲ့ထွင်းထုချက်တိုင်းကသေသပ်သပ်ရပ်ကာတည်ငြိမ်လို့နေတယ်။

ကျားသစ်လေးရဲ့စိတ်ထဲမှာအဓိကအတွေးတစ်ခုရှိခဲ့ပြီးဒါဟာတော်တော်သဘာဝကျပါတယ်။ သူကအရောင်လေးရောင်စပ်စွမ်းအင်ကျောက်ကို Dragon Li ကြောင်ပုံကြမ်းဖော်ရာ၌သူ့လက်ကတုံ့နှေးမနေခဲ့ဘဲကောင်းမွန်စွာပုံဖော်နိုင်ခဲ့တယ်။

ထို့နောက် Rong Mingshi ကဓားကိုအစားထိုးလိုက်ပြီးအခြေခံတည်ဆောက်ပုံကိုပုံဖော်ခြင်းအစီစဥ်ကိုစတင်ခဲ့တယ်။ သူကစွမ်းအင်ကျောက်ကရောနှောနေတဲ့‌အရောင်တွေကိုကြောင်ရဲ့အမည်းရောင်နှင့်မီးခိုးရောင်အမွေးကိုပြသဖို့လိမ္မာပါးနပ်စွာသုံးခဲ့တယ်။ ထိုလုပ်ငန်းစဉ်ကအတော်လေးနှေးကွေးခဲ့ပြီး Rong Mingshi ကလည်းအလွန်သတိထားခဲ့ရတယ်။

ယခင်ကသူထွင်းထားခဲ့တဲ့အနက်ရောင်နဂါးနှင့်အနည်းငယ်ကွဲပြားမှုရှိခဲ့တယ်။ တိရိစ္ဆာန်သားမွေးတွေကိုအသက်ဝင်စေဖို့အတွက်ဒီထွင်းထားတဲ့အမွေးဟာအလွန်အရေးကြီးပါတယ်။ ကျားသစ်လေးကတစ်ခုစီကိုအနုစိတ်ထွင်းထုထားပြီးသရုပ်ဖော်ထားတာဖြစ်တယ်။ ကျားသစ်လေးကသူကြောင်ကိုသေသေချာချာထွင်းထုနေခဲ့စဉ်သူ့ရဲ့အသိအမြင်အာရုံကြောင့်ထိုစွမ်းအင်ကျောက်တုံး၌ပါရှိသောစွမ်းအားကိုအလွန်အကျွံဖြစ်စေခဲ့တာကိုသူသတိမထားမိခဲ့ပေ။

အင်ပါယာကပန်းပုဆရာများကအခြေခံစွမ်းအင်ကျောက်တုံးတွင်စွမ်းအားကိုအမြင့်ဆုံးမလုပ်နိုင်ခဲ့ကြပေ။ ပန်းပုသမားရဲ့ယေဘုယျအသိကအဆင့်နိမ့်သောစွမ်းအင်ကျောက်များကိုလေ့ကျင့်ရန်အတွက်သာသုံးကြတာဖြစ်တယ်။ ကျားသစ်လေးကဲ့သို့အရောင်အမျိုးမျိုးရောစပ်ထားတဲ့စွမ်းအင်ကျောက်များကိုသုံးရန်သူတို့စိတ်မ၀င်စားကြပေ။ အထူးချွန်ဆုံးပန်းပုသမားများကအဆင့်မြင့်စွမ်းအင်ကျောက်များကိုသာထုချင်သည်။ အဘယ်ကြောင့်ဆိုသော်အင်ပါယာကပန်းပုဆရာများကစွမ်းရည်ကိုအကဲဖြတ်ရန်အဆင့်မြင့်စွမ်းအင်ကျောက်များရဲ့အဆင့်ကိုအားကိုးခဲ့ကြလို့ပါပဲ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now