- ကျားသစ်ငယ်လေးရဲ့ခေါင်းနာကျင်မှု
ကျားငယ်လေးရဲ့ဟောက်သံမှလွဲ၍အိမ်ငယ်လေးသည်ခဏတာတိတ်ဆိတ်သွားခဲ့သည်။ Wuka ခြင်္သေ့ကနောက်ဆုံးတွင်သူ့ဘန်ဂလိုကိုညွှန်ပြကာအသံထွက်လာခဲ့တယ်။ "သူ့ကိုအထဲမှာသွားသန့်ရှင်းပေးမလား?"
Aojia ကသားမွှေးတွေမမြင်ရလောက်အောင်ဖုန်တွေနဲ့ဖုန်းလွှမ်းကာပေတလူးနေတဲ့အကောင်ပေါက်လေးကိုကြည့်လိုက်တယ်။ သူကညင်ညင်သာလေနဲ့မှုတ်ထုတ်လိုက်တော့ဖုန်တွေနှင့်အတူကျားသစ်အမွှေးလေးတွေပါဟိုထောင်ဒီထောင်ဖြစ်သွားခဲ့တယ်။ ထိုအချိန်မှာပင်ကျားသစ်ငယ်လေးကသူ့လက်များကိုဆန့်ထုတ်လိုက်ပြီးသူ့ခေါင်းလေးကိုကိုင်ခဲ့တယ်။ ကျားသစ်လေးကသူ့မျက်နှာပူပူလေးနဲ့ Aojia လက်ကိုထိကာခေါ်လိုက်တယ်။ "Aoji!"
Aojia ကကျားသစ်လေးကိုလှုပ်ခါမိသွားပြီးဖုန်မှုန့်တွေအများကြီးကျဆင်းလာတာကြောင့်သူကဒီအကောင်ပေါက်ကိုဆေးကြောပေးဖို့သာလုပ်နိုင်တော့တယ်။ Aojia ကကျားသစ်လေးကိုအိမ်ထဲသို့ချီသယ်လာခဲ့တယ်။
သူ့နောက်မှ Wuka ကသူ့တပည့်ရဲ့နောက်ကျောနဲ့ခြံထဲကနဂါးသေးသေးလေးတွေကိုစူးစိုက်ကြည့်ရင်းသူ့မေးစေ့ကိုတို့ထိလိုက်တယ်။ သူခိုးတစ်ယောက်လိုပြုံးပြီးသူ့တပည့်ရဲ့အနာဂတ်ဇနီးလောင်းကမှောက်သွားပြီလို့သူခံစားလိုက်ရတယ်။ ထို့နောက်သူကသက်ပြင်းချကာဝိုင်ပုလင်းကိုကောက်ကိုင်လိုက်ပြီးကျန်ရှိတဲ့ဝိုင်ကိုသောက်လိုက်တယ်။
သူ့တပည့်ကစိတ်ခံစားမှုပြင်းထန်ပေမယ့်လို့သူ့တပည့်ရဲ့စွမ်းအားကဝမ်းသာအားရဖွယ်အလွန်လျင်မြန်စွာတိုးတက်နေတာဘဲဖြစ်တယ်။ အကယ်၍သူကတကယ်ကို heat ဝင်ခဲ့မယ်ဆိုရင်သူဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲဆိုတာမသိနိုင်ပေ။ အဲ့ဒီ့အချိန်မှာအထဲကကျားသစ်ငယ်လေးထံအန္တရာယ်ရှိလာမှာသေချာလေတယ်။
ဆရာ Wuka ဘန်ဂလိုရဲ့ရိုးရှင်းသောမျက်နှာစာကိုဘဲမကြည့်လိုက်ပါနှင့်။ အတွင်းအပြင်ရှိပစ္စည်းများကမရိုးရှင်းခြင်းသလိုခေတ်ပေါ်ကိရိယာများမရှိခြင်းလည်းမဟုတ်ပေ။ Aojia ကရေချိုးခန်းကိုဖွင့်လိုက်ပြီးကျားသစ်လေးကိုဂရုတစိုက်ဆေးကြောလိုက်တယ်။
BẠN ĐANG ĐỌC
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
Lãng mạnAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.