Chapter - 32 [Uni]

6.2K 1K 19
                                    

- ကျားသစ်လေးနှင့်ဥအခွံ့

Aojia ကကျားသစ်လေးကိုပွေ့ချီလိုက်ပြီးသူ့‌ခေါင်းလေးကိုပွတ်သပ်လိုက်တယ်။ ထို့နောက်သူရဲ့လက်ချောင်းများကကျားသစ်လေးရဲ့အောက်ကိုစိုက်ကျနေတဲ့နားရွက်လုံးလုံးလေးတွေပေါ်မှာစက်ဝိုင်းသဏ္ဍာန်လည်ပတ်လို့နေလေတယ်။

Rong Mingshi ကသူကိုက်ထားတဲ့ကော်လာကိုလွှတ်ပေးလိုက်တယ်။ သူကသူ့ကျားသစ်‌လက်လေးတွေကိုကျောက်တုံးဆီရွေ့ရုံသာအကြိမ်ဖန်များစွာလုပ်နိုင်ခဲ့ပြီးသူ့စွမ်းအားတွေဘယ်လောက်တောင်မှသူသုံးလိုက်မိမှန်းသူမသိပေ။ သူ့စိတ်ကိုလျော့ချလိုက်တဲ့အခါမှာတော့သူဆက်ပြီးတောင်တောင့်မခံနိုင်တော့ပေ။  သူကသမ်းရီကာတိုးတိုးလေးရေရွတ်လိုက်တယ်။ “ Aojia  jiao …” အိပ်ချင်တယ်....

ကျားသစ်ငယ်လေးရဲ့ခေါင်းက Aojia ရဲ့လည်ပင်းကြားသူ့ကိုယ်သူမြှုပ်နှံထားလေသည်။ သူ၏ထူထဲထဲအမွှေးနဲ့အမြီးလေးက Aojia ရဲ့လက်မောင်းပေါ်တွင်တင်လိုက်ကာမျက်လုံးများမှိတ်သွားပြီးပုံမှန်အတိုင်းဘဲအိပ်ပျော်သွားလေသည်။ သူကျားသစ်လေးကိုချီထားတဲ့အချိန်အနက်ရောင်နဂါးကြီးရဲ့နားထဲရင်းနှီးတဲ့အသံတစ်ခုကိုကြားလိုက်ရတာကြောင့်သူ့နှုတ်ခမ်းတွေတွန့်ကွေးသွားခဲ့တယ်။ ထိုနောက်သူကစားပွဲပေါ်မှဖောက်ထွင်းမြင်နိုင်တဲ့ကျောက်တုံးကိုသေတ္တာထဲပြန်ထည့်ကာအံဆွဲထဲပြန်ထည့်လိုက်တော့တယ်။

မျက်စိတစ်မှိတ်အတွင်းမှာ ကျားသစ်လေးကစားပွဲကိုခေါင်းအုံးအဖြစ်သုံးပြီးအိပ်ဖို့အနက်ရောင်နဂါးရုပ်ထုလေးကိုခွဖက်လိုက်တယ်။ Aojia ကမျက်ခုံးအနည်းငယ်ပင့်လိုက်မိပြီးကျားသစ်လေးကိုအိပ်ခန်းသို့ပြန်သယ်ရန်လက်လှမ်းလိုက်တယ်။ ဝမ်းဗိုက်ပူပူလေးနဲ့အနက်ရောင်နဂါးငယ်လေးကိုရွှေ့လိုက်တာနှင့်စားပွဲပေါ်ရှိနဂါးအကြေးခွံဓားကြောင့်ဖြစ်ပေါ်လာတဲ့အမှတ်အစင်းကြောင်းကိုတွေ့ရလိမ့်မယ်လို့သူမထင်ထားခဲ့ပေ။

Aojia ရဲ့အပြုံးကပြန့်နှံ့သွားပြီးအနက်ရောင်နဂါးငယ်လေးကိုပြန်ထားလိုက်တယ်။ စားပွဲပေါ်တွင်အထီးကျန်နေတဲ့နဂါးလေးတစ်ကောင်သာရှိလေတယ်..

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now