– ဝေလငါးကြီး
Aojia က ဆရာသခင် 18 ယောက်နှင့် စကားပြောနေစဉ် နှင်းကျားသစ်လေးရဲ့ အမွေးနုလေးတွေကို ပွတ်သပ်နေခဲ့သည်။ “ ကျားသစ်လေးရဲ့ဆိုင်မှာ လူလိုနေတယ်။ မင်းတို့သူ့ကို မင်းတို့ဆရာဖြစ်စေချင်သေးတယ်ဆိုရင် စတိုးဆိုင်ပလက်ဖောင်းကိုသွားကြ။ "
ဒါကိုကြားတော့ ဆရာကြီး ၁၈ ဦးက သက်သာရာရစွာ သက်ပြင်းချလိုက်ကြတယ်။ သူတို့က ကြီးကြီးမားမားလို့ ထင်ခဲ့ကြပေမယ့် ဒါကစတိုးဆိုင်ပလက်ဖောင်းကို သွားလိုက်ကြရုံပါပဲ။ သူတို့က ကျားသစ်ဆရာငယ်ရဲ့ အွန်လိုင်းစတိုးကို ရောက်ဖူးခဲ့ကြသော်လည်း လူမြင်ကွင်း ကျားသစ်ဆရာငယ်ရဲ့ ထိုးနှက်ငြင်းဆန်မှုကိုခံခဲ့ရတယ်။
...ဒါဟာ နှလုံးသားကိုနာကျင်စေခဲ့ပါတယ်။
ဒါ့ကြောင့် သခင် 18 ယောက်က နဂါးနက်ဗိုလ်ချုပ်ကြီးအား စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ " ဒါဆို ငါတို့ ဆရာကရော ဆုံးဖြတ်လိုက်ပြီးပြီလား။ "
တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်ကြီးက သူတို့ဆရာရဲ့သားရဲတွဲဖက် ဖြစ်နေခြင်းက သိပ်ကိုဆီလျော်မှုရှိတယ်လို့ ဆရာသခင်တွေ တွေးလိုက်ကြတယ်။
သူတို့သဘောတူလိုက်တဲ့အခါမှာပဲ နဂါးနက်ကြီးရဲ့ရင်ဘတ်ပေါ်မှ ကျားသစ်ငယ်လေးဟာ လှုပ်ရှားသွားခဲ့ပြီး သူရဲ့အမွေးထူတဲ့ခေါင်းလေးက ရှေ့သိုတိုးလာပြီး ဆရာတွေအားကြည့်လိုက်သည်။ အပြာရောင်ကျားသစ်မျက်လုံးလေးတစ်စုံက ချီတုံချတုံဖြစ်ပြီး သံသယအချို့ပင် ရောယှက်လို့နေလေသည်။
Aojia ကဒီဆရာတွေကို သူ့မိခင်ထားခဲ့တဲ့ ပန်းထွင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပေးချင်နေတာလား။ ယုံကြည်ကိုးစားလို့မရနိုင်လောက်ဘူးလို့ သူအမြဲခံစားမိနေတယ်... သူ့သခင်နက်ကြီးပြောခဲ့တဲ့ စကားဆိုးတွေကို သူ မမေ့ခဲ့ပါ။ သူ့နဂါးနက်ကြီးကို ဒီဆရာတွေ မကောင်းပြောခဲ့တဲ့စကားတွေကိုလည်း ခုထိသူမမေ့သေးဘူးလေ!
ကျားသစ်ဆရာငယ်ရဲ့ အကြည့်တွေက လူငယ်လေးတွေမဟုတ်ကြတော့တဲ့ ဆရာသခင် (၁၈) ဦးရဲ့စိတ်နှလုံးသို့ စူးစူးရဲရဲဖြင့်နစ်ဝင်မတတ်စိုက်ကြည့်နေခဲ့တယ်။ တစ်ဒါဇင်ကျော်သော မျက်နှာများက တည်ကြည်လေးနက်လို့နေပြီး တယောက်ပြီး တယောက် စကားပြောနေကြသည်။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.