- ကျာသစ်ခြေရာလေး
အံ့ဖွယ်ဘဲ! သူကပါရမီရှင်တစ်ဦးဖြစ်တာကြောင့်ဒီလိုထူးခြားတဲ့အင်္ဂါရပ်တစ်ခုရှိတာဖြစ်လိမ့်မယ်။ သူ့သားရဲပုံစံကိုထိန်းသိမ်းထားခြင်းကလည်းသူ့ရဲ့ပုံစံဘဲဖြစ်လိမ့်မယ်။
Stewart ကသူ့လောက်လိုက်လျောညီထွေအောင်တွေးနိုင်မယ့်လူမရှိဘူးလို့တွေးလိုက်တယ်။ သူကပြုံးပြီးစိတ်အားထက်သန်စွာမတ်တတ်ထလိုက်ပြီး Rong Mingshi ရဲ့အရှေ့ကိုရွှေ့လိုက်တယ်။ “ ကျောင်းသား Rong၊ မင်းရဲ့အသိအမြင်အာရုံကအရမ်းကောင်းပြီးငါတို့ကောလိပ်ရဲ့ပန်းပုဆရာတစ်ယောက်ဖြစ်ဖို့လိုအပ်ချက်တွေနဲ့ညီတယ်။ ”
Rong Mingshi ကဘောလုံးကိုထိနေတဲ့လက်လေးကိုဖယ်ရှားလိုက်ပြီးကျောင်းအုပ် Stewart ရဲ့သဘောထားပြောင်းလဲသွားတာကိုသတိပြုမိသွားတယ်။ အမ် ... သူကတကယ်အရည်အချင်းရှိတာလား? သူတကယ်ဘာကိုမှလုံးဝမခံစားရဘူးလေ။ သူ့ဘေးက Aojia ကကျားသစ်လေးခေါင်းကိုပွတ်လိုက်ပြီး“ ကျောင်းအုပ် Stewart ကျေးဇူးပြုပြီးမြန်နိုင်သမျှမြန်အောင်စီစဉ်းပေးပါဦး။ ငါတို့ပြန်သွားပြီးစောင့်နေပါ့မယ်။ ”
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီး ကျွန်တော်ကျောင်းသား Rong ကိုစာမေးပွဲ၀င်ကြေးအခမဲ့၀င်ခွင့်ပေးပါ့မယ်။ ကျေးဇူးပြု၍ ခဏစောင့်ပါဦး။ ” ကျောင်းအုပ် Stewart က နောက်လှည့်ကာသူ့ရဲ့ကွမ်တမ်ကွန်ပျူတာကိုအမြန်ဖွင့်လိုက်တယ်။ သူကအကြိမ်အနည်းငယ်လောက်ရိုက်နှိပ်လိုက်ပြီးကျားသစ်လေးလက်မှတ်ထိုးဖို့လိုတဲ့ပုံရိပ်မျက်နှာပြင်ကိုကျားသစ်လေးရှေ့ပို့လိုက်တယ်။
“ ကျောင်းသား Rong၊ မင်းနာမည်ကိုဒီမှာလက်မှတ်ထိုးလိုက်ရုံနဲ့မင်းရဲ့၀င်ခွင့်အသိပေးချက်ကိုမင်းရဲ့ကွမ်တမ်ကွန်ပျူတာကိုတိုက်ရိုက်ပို့လိုက်လိမ့်မယ်”
Aojia ကကြားဖြတ်ပြောလိုက်တယ်။ "ကျောင်းအုပ်ကြီး၊ ကျေးဇူးပြု၍ ကျွန်တော့ရဲ့ကွန်ပျူတာကိုဘဲပို့လိုက်ပါ။ "
ကျောင်းအုပ် Stewart ကအံ့သြသွားတယ်။ "ဘာဖြစ်လို့လဲ?"
"သူ့အတွက်ကွမ်တန်ကွန်ပျူတာမပြင်ဆင်ရသေးလို့ပါ။"
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.