Chapter - 29.1 [Uni]

6.9K 1.2K 38
                                    

- Three-in-One

Aojia ကတဖြည်းဖြည်းချင်းအသက်ရှုထုတ်လိုက်ပြီးသူ့ခန္ဓာကိုယ်အတွင်းမှမရှင်းလင်းတဲ့စိတ်ခံစားချက်တွေကိုတည်‌ငြိမ်အောင်လုပ်လိုက်တယ်။ သူကကျားသစ်လေးရဲ့ခေါင်းလေးကိုပုတ်ကာထိုအကောင်ပေါက်လေးကိုစားပွဲပေါ်တင်လိုက်ပြီးသူ့ရဲ့မူလလက်ကြယ်သီးတွေကိုဖြုတ်လိုက်တယ်။ သူကကျားသစ်လေးရဲ့ခပ်ဖောင်းဖောင်းလက်ဖဝါးလေးပေါ်ကလက်ကြယ်သီးနှစ်ခုကိုကောက်ယူကာစမတ်ကျကျကောက်တတ်လိုက်လေတယ်။

Rong Mingshi ကထိုနေရာတွင်ကုပ်ကုပ်လေးထိုင်ပြီးသေချာကြည့်လို့နေခဲ့တယ်။ Aojia ရဲ့ရှည်လျားတဲ့လက်ချောင်းတွေနဲ့လက်ကြယ်သီးတွေကိုတပ်ဆင်လိုက်တဲ့အခါမှာတော့လုံးဝကိုကွက်တိကျ‌လို့နေခဲ့တယ်။ ၎င်းကိုလက်မောင်းပေါ်လှန်ပြီးခေါက်တင်လိုက်တဲ့အခါမှာလည်းနဂါးရဲ့ရွှေရောင်မျက်လုံးကခံ့ညားကာတင်းကြပ်သူတစ်ယောက်ကဲ့သို့ပင်။ ဒါက Aojia ရဲ့စိတ်နေစိတ်ထားလုံးဝကိုကိုက်ညီလို့နေတယ်။

ကျားသစ်ငယ်လေးကအသက်လေးရှုထုတ်လိုက်တယ် သူ့နှလုံးသားကလည်းထိန်းမနိုင်သိမ်းမရခုန်လို့နေလေတယ်။ Aojia …

လက်ကြယ်သီးဝတ်ဆင်ပြီးတဲ့ Aojia ကကျားသစ်လေးအနားကိုအသာ‌ကပ်လာကာကျားသစ်ငယ်လေးကိုထပ်မံပွေ့ချီလိုက်ပြန်တယ်။ သူကကျားသစ်လေးရဲ့မေး‌စေ့လေးကိုမြှင့်စေကာကျားသစ်လေးရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးမေးလိုက်တယ်။ “ လူတစ်ယောက်ကိုလက်ကြယ်သီးပေးတယ်ဆိုတာဘာကိုဆိုလိုတာလဲမင်းသိလား? "

[T/N - အဟမ်း လက်ကြယ်သီးပေးတယ်ဆိုတာကိုယ့်အဖေတို့ကိုယ့်သားတို့ကိုယ်ချစ်တဲ့သူတွေကိုပေးတာပါ အထူးသဖြင့်ကတော့ Weeding မှာကိုယ့်လောင်ကုန်းကိုချစ်သက်ဆောင်အဖြစ်ပေးတာများပါတယ်တဲ့ အားယိုး တို့အကောင်ပေါက်ကဘုရားစူးရည်းစားတစ်ခါမှမထားဖူးသူလေးပါ >.< ]

Rong Mingshi က Aojia ရဲ့ဘယ်အချိန်ကဒေါင်လိုက်ပြောင်းသွားမှန်းမသိတဲ့မျက်စံတွေကိုလေးနက်စွာကြည့်လိုက်တယ်။ ထို့နောက် Rong Mingshi ကသူ့ရဲ့ကျားသစ်‌လက်ဖောင်းဖောင်းလေးတွေကို Aojia ရဲ့ရင်ဖက်ပေါ်တင်လိုက်တယ်။ ဟုတ်တာပေါ့ သူသိနေခဲ့တယ် ...

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now