Chapter - 64 [Zawgyi]

2K 182 4
                                    

– ပေါတောတောလေးနှင့်ချစ်စရာကောင်းသည့် နဂါးငယ်လေး

ဆရာဝန်က သူ့သူဌေးရဲ့ မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာကို မြင်ပြီးပြောလိုက်တယ်။ “ ဗိုလ်ချုပ်ကြီး၊ လက်ရှိ လက္ခဏာတွေအရ၊ ကျားသစ်လေးက အင်ပါယာက ကောင်းမွန်တဲ့စွမ်းအင် ဝိုင်တစ်ပုလင်း သောက်ဖို့ နေ့တိုင်းသောက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ နှစ်ချို့ ပုလင်းရဲ့ အကျိုးသက်ရောက်မှုကတော့ အကောင်းဆုံးဖြစ်လောက်တယ်။ ကျားသစ်မူးသွားမှာကို စိုးရိမ်ရင်တော့ အချိန်ကာလပိုင်းခြားပြီး ဝိုင်ပမာဏကို တွက်ချက်ပြီးတိုက်နိုင်ပါတယ်။”

Aojia ကအိပ်ခန်းဆီသို့ ငေးကြည့်ရင်းပြောလိုက်တယ်။ “ဝိုင်သောက်လို့မရဘူး” 

“…?”

ဝိုင်သောက်လို့မရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?

“သူက ဝိုင်တစ်စက်မှကို ထိစရာမလိုဘူး။ သူကအနံ့နဲ့တင် မူးနိုင်တယ်”

“…တကယ်တော့ Boss ကကျားသစ်လေး‌ကို ဝိုင်ပိုးအဖြစ်မွေးချင်လား ဒါမှမဟုတ် ကျားသစ်ဝတုတ်လေးတစ်ကောင်ကိုမွေးချင်လား အပေါ်မူတည်ပြီးတော့ နောက်တစ်နည်းလည်း ရှိပါသေးတယ်။ ”

Aojia က ဆရာဝန်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

ဆရာဝန်ကရှင်းပြလိုက်တယ်။ “အတိုချုပ်ပြောရရင် ဝိုင်ပုလင်းကိုဖွင့်တာ ဒါမှမဟုတ် ကျားသစ်လေးကို တိုက်ရိုက်သောက်ခိုင်းပါ။ ဝိုင်ရဲ့ စွမ်းအင်အရည်အသွေးပ ကောင်းမွန်နေသရွေ့ အခြားဘေးထွက်ဆိုးကျိုးတွေ ရှိမှာမဟုတ်ပါဘူး။ အဲ့လိုမှမဟုတ်ရင် ကျားသစ်ငယ်လေးကို စွမ်းအင်ကြွယ်ဝတဲ့ အစားအစာတွေကို ဆက်စားခိုင်းပါ။ ဒါပေမယ့် စွမ်းအင်အစာစားတဲ့စွမ်းအား ပမာဏက စွမ်းအင်သုံးဝိုင်ထက် အများကြီးနည်းတဲ့အတွက် ကျားသစ်လေးက အချိန်တိုင်းကိုစားနေရမှာပဲ…”

ကျားသစ်လေးအတွက် နည်းလမ်းနှစ်ခုရဲ့ အားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆရင်း Aojia ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့သည်။

ဆရာဝန်က ဆက်ပြောလိုက်တယ်။ “ ဗိုလ်ချုပ်ကြီးက စွမ်းအင်ပြည့်အစားအစာကိုရွေးမယ်ဆိုရင် ကျားသစ်လေးက တစ်နေ့ကို အနည်းဆုံး အလယ်အလတ်ပမာဏရှိတဲ့ အစာ ၁၀ နပ်လောက် စားရမှာမို့ ကျွန်တော် ကျားသစ်ငယ်လေးအတွက် ဆေးဝါးအချို့ကို ညွှန်းပေးရပြီး ရေရှည်ကိုယ်အလေးချိန် လျှော့ချမည့် အစီအစဉ်ကို ရေးဆွဲရန် လိုအပ်ပါတယ်။”

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now