[T/N - မျှော်နေကြတယ်မလား အဟွမ်း ]
- မီး၊ မီးအန္တရာယ်မှကာကွယ်ပါ!
ဒါဟာအချိန်နဲ့ပြိုင်ဆိုင်မှုတစ်ခုပါပဲ ...
Rong Mingshi ကထိုအနမ်းကိုသေချာခံစားခဲ့ရသော်လည်းနဂါးနက်ကြီးကတော့ထိုသို့မဟုတ်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးကသူ့သားရဲလေးနဲ့ပထမအနမ်းဖြစ်တာကြောင့်သူ့ရဲ့ထိန်းမနိုင်တဲ့စိတ်ရိုင်းဝင်ရူးသွပ်ခြင်းကိုဖိနှိပ်ဖို့အပြင်းအထန်ကြိုးစားခဲ့ရသည်သာအမှတ်ရစရာလေးဖြစ်ခဲ့တယ်။
သူကစိတ်အားထက်သန်နေခဲ့ပြီးသူ့ခန္ဓာကိုယ်ရှိနဂါးအကြေးခွံများစွာကျူးကျော်ထွက်ပေါ်လာသော်လည်း Aojia ရဲ့လှုပ်ရှားမှုများမှာနူးညံ့နေဆဲဖြစ်သည်။ သူ့နှုတ်ခမ်းများမှလောင်ကျွမ်းနေတဲ့အနံ့များရလို့နေခဲ့တယ်။ Rong Mingshi ရဲ့ပါးစပ်ထဲသို့သူ့လျှာဝင်လာခဲ့စဉ်ထိုအရာကနက်ရှိုင်းတဲ့နေရာများသို့ရွေ့လျှားသွားခဲ့ပြီး Rong Mingshi ရဲ့လျှာတစ်ဝိုက်ညင်သာစွာရစ်ပတ်နေခဲ့သည်။
သူကကျားသစ်လေးရဲ့လက်မောင်းကိုစောင်မှဖြတ်ကာဖမ်းကိုင်လိုက်တယ်။ သူ့လက်ဖဝါးကြီးကကျားသစ်ကလေးရဲ့ပခုံးပေါ်ကစောင်ကိုစုပ်ကိုင်လိုက်ပြီးစောင်အားချက်ချင်းပြဲသွားစေခဲ့တယ်။ သို့သော်လည်းသူကျားသစ်လေးရဲ့နူးညံ့တဲ့အသားအရည်ကိုမထိဝံ့ပေ။ ထိလိုက်ပါကသူ့နောက်ဆုံးထိန်းချုပ်မှုကချိုးဖျက်သွားလိမ့်မည်။
သူ့ရင်ခွင်ထဲရှိလူကလည်းနာခံမှုမရှိခဲ့ပေ။ သူကခွန်အားသုံးကာ Aojia ထံသို့ချဉ်းကပ်လာခဲ့ပြီးသူတ်ို့နှစ်ယောက်အသက်ရှူနေကြစဉ် Aojia ရဲ့လည်ပင်းကနဂါးအကြေးခွံကိုထိရန်လက်မောင်းကိုမြှောက်လိုက်တယ်။
ကျားသစ်လေးရဲ့အထိအတွေ့တွေနဲ့လှုပ်ရှားမှုတိုင်းဟာ Aojia ရဲ့အသက်ရှူမှုအားလှုပ်ခပ်စေခဲ့ပြီးနဖူးပေါ်မှအပြာရာသွေးကြောများပါထောင်ထလာစေခဲ့တယ်။ ထိုလှုံဆော်မှုအောက်တွင်ကျန်ရှိနေတဲ့နဂါးအကြေးခွံတွေပါအဆက်မပြတ်ပေါ်ထွက်လာခဲ့တယ်။
ဒီအကောင်ပေါက်လေးကမီးရှို့ခံရမှာကိုမကြောက်ဘူးပဲ ...
သူ့အသက်ရှုသံကိုမထိန်းချုပ်မီ Aojia က Rong Mingshi ရဲ့ပုခုံးကိုစောင်ပေါ်မှကိုင်ကာအနည်းငယ်တွန်းဖယ်လိုက်တယ်။ ဒေါင်လိုက်နဂါးမျက်စံများကပြောင်းလဲသွားခဲ့ပြီးလူသားမျက်လုံးနဲ့နီရဲပြီးဖူးယောင်ယောင်လေးဖြစ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့နှုတ်ခမ်းများအားငေးကြည့်နေခဲ့တယ်။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.