ဒါတင်မကဘဲ၊ 3D ဓာတ်ပုံကနေ ကျားသစ်လေးအိပ်မပျော်ခင် ပြောနေကျမပီမသနဲ့ အသံနိမ့်တစ်သံကထွက်ကျလာပြီး Aojia ရဲ့နားထဲမြည်ဟီးလို့သွားသည်။ "Aoji မင်း...လိုချင်လား..."
သူဘာကိုပြောချင်တာလဲ။
'မင်းငါ့ကိုလိုချင်လားလို့လား? ဒါမှမဟုတ် မင်းဒါကိုလိုချင်တာလား?'
ကျားသစ်လေးက ဓာတ်ပုံရိုက်ပြီးနောက် ဤစာကြောင်းတစ်ဝက်ကို ရေရွတ်ကည ရွှေခေါင်းအုံးပေါ်တွင် အိပ်ပျော်သွားသည်။ ကျားသစ်ငယ်လေး အမှန်တကယ် မှတ်တမ်းတင်ရိုက်ထားတာကလည်း ဒါပါပဲ။ တစ်ဝက်တစ်ပျက်စကားတစ်ခုသာဖြစ်သော်လည်း ဤတစ်ဝက်တစ်ပျက်စကားမှာ ရွှေနဂါးသိုက်တွင် လဲလျောင်းနေသူတစ်ဦးနှင့် ပေါင်းစပ်လိုက်သည့်အခါ စူပါနျူထရွန်ကြယ်တစ်လုံး ပေါက်ကွဲခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။
အစတွင်တော့ သူက အရက်မူးနေတဲ့ ကျားသစ်လေးကို အချိန်တိုင်း အဖော်ပြုပေးဖို့ အကောင်းဆုံးလုပ်ပေးမယ်လို့ ကတိပေးခဲ့တာ။ သို့သော်လည်း သူက ကျားသစ်ငယ်လေးကို နှစ်ရက်သာ အဖော်ပြုပေးခဲ့ရပြီး ယခုတော့ ကျားသစ်ငယ်လေးကို တစ်ယောက်တည်း သောက်ခွင့်ပေးခဲ့ရသည်။ ဝိုင်သောက်ပြီးနောက် ကျားသစ်လေးသည် ရွှေစင်နဂါး အသိုက်ထဲတွင် အလွန်ချစ်စရာကောင်းနေပြီး အနက်ရောင်နဂါးကြီး၏ နှလုံးသားကို ရိုးရှင်းစွာဖြင့်ယားယံစေသည်။ တိုင်းပြည်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဇာ့ဂ် ခေါင်းဆောင်၏ အဆိုပြုချက်ကို နားထောင်နေသော မာရှယ်ဗိုလ်ချုပ်ကြီး၏ နောက်ကျောမှ ကြီးမားကာ မီးတောက်နေသော နဂါးအတောင်ပံကြီးများ ထွက်ပေါ်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးမှာ နှင်းကျားသစ်၏ မျက်လုံးလေးများကို စိုက်ကြည့်ရင်း ပို၍ပင် ပူလောင်လာသည်။
တည်ကြည်ခံ့ညားခဲ့ပါသောဗိုလ်ချုပ်ကြီးမှာ အာကာသကို ဖောက်ထွင်းပြီး သူ၏ နဂါးသိုက်သို့ တိုက်ရိုက်ပြန်သွားကာ ရွှေပုံထဲနစ်မြှုပ်ထားသော အရသာရှိသည့် လူသားပုံသဏ္ဍာန်ရှိသော နှင်းကျားသစ်လေးအား ပွေ့ဖက်ထားချင်နေခဲ့သည်။
နဂါးအတောင်ပံပေါ်ရှိ ပူပြင်းသော မီးတောက်များသည် ပွဲအတွင်း ပို၍တောက်လောက်လာကာ ခဏတာမျှဖြင့် ပွဲရုံကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံး၏မျက်လုံးများက ဇာ့ဂ် ဧကရာဇ်မင်းနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော သားရဲအင်ပါယာ၏ မာရှယ်ဗိုလ်ချုပ်ကြီးနှင့် သူ့နောက်မှ လိမ္မော်ရောင်မီးတောက်များဖြင့် တောက်နေသော နဂါးအတောင်ပံကြီးများကို ကြည့်လိုက်ကြသည်။

ВЫ ЧИТАЕТЕ
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
Любовные романыAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.