Chapter - 3 [Uni]

9.4K 1.4K 8
                                    

- ပင်ပန်းတဲ့အလုပ်

Rong Mingshi ကတချက်သမ်းလိုက်ပြီး သူ့ရဲ့လက်ဖောင်းတုတ်တုတ်လေးတွေနဲ့လဲနေတဲ့လူကိုတွန်းလိုက်တယ်။ ထိုလူကတော့နိုးမလာခဲ့ပေ။ သူကအဲဒီ့လူတခဏလောက်တော့နိုးမ‌လာနိုင်လောက်ဘူးလို့ ခန့်မှန်းလိုက်တယ်။ ကျားသစ်လေးက သူအိပ်ပျော်သွားတဲ့အချိန်အပူမလောင်စေရန် မီးတောက်ဘေးမှာရှိတဲ့ မီးလောင်လွယ်တဲ့အချို့သောပစ္စည်းများအားသန့်ရှင်းရေးလုပ်ရန်လှည့်ခဲ့တယ်။

Rong Mingshi ကသူ့ပတ်လည်မှာသွေးစွန်းနေတဲ့ နဂါးအကြေးခွံသုံးခုကိုရှာတွေ့ခဲ့တယ်။ ဒါဟာသာမန်ဖန်နဲ့တူတဲ့မီးတောင်ထွက်ကျောက်နဲ့တူကာအနားတွေကလည်းချွန်ထက်လို့နေခဲ့တယ်။ သူကသူ့ရဲ့ခြေသည်းတွေနဲ့နှစ်ခါကုတ်ခြစ်လိုက်ပြီးအဲဒါကအရမ်းခက်ခဲတယ်လို့ခံစားလိုက်ရတယ်။ ၎င်းကိုဓားအဖြစ်သုံးလို့ ရနိုင်လောက်တယ်။ သူကလူကြီးရဲ့ဘေးကိုပစ္စည်းတွေဆွဲလာလိုက်တယ်။ သားကောင်ဖမ်းဖို့သူနောက်ပိုင်းမှာအဲဒါကိုသုံးလို့ရလောက်တယ်။

ထို့နောက်သူကငှက်သိုက်ထဲမှ အကိုင်းအခက်အချို့ကိုမီးထဲသို့ထည့်လိုက်တယ်။ ဒီအကိုင်းအခက်တွေကငှက်ကြီးယူဆောင်လာတာဖြစ်ကာအထူးသဖြင့်မာကျောပြီးကြာရှည်စွာမီးလောင်နိုင်စွမ်းရှိတယ်။  ကျားသစ်လေးက အရာအားလုံးကိုပြီးအောင်လုပ်ပြီးထိုလူ့ထံပြန်လှည့်လာလိုက်တယ်။

အဲ့နောက်သူကထိုလူကြီးရဲ့လက်မောင်းပေါ်မှာဗြုန်စားကြီးမတ်တပ်ရပ်လိုက်ပြီး ထိုလူရဲ့ရင်ဘက်ပေါ်ကိုကုပ်ဖက်တက်လိုက်ကာ နွေးထွေးပြီးသက်တောင့်သက်သာရှိတဲ့အနေအထားကိုရှာဖွေလိုက်တယ်။ များစွာသောချိန်ညှိမှုတွေ ပြုလုပ်ပြီးနောက်ကျားသစ်ငယ်လေးကထိုလူကြီးရဲ့လက်မောင်းအောက်မှာသက်တောင့်သက်သာနဲ့ လှဲလိုက်ခဲ့တယ်။ သွေးညှီနံ့ကသူ့ကိုမသက်သာဖြစ်စေပြီးသူ့ရဲ့အမွှေးနုလေးတွေမှာသွေးအချို့ပေသွားခဲ့သော်လည်း ထိုလူကြီးရဲ့ ခန္ဓာကိုယ်အပူချိန်က သူ့ကိုတကယ်သက်တောင့်သက်သာဖြစ်စေတယ်။

Rong Mingshi ကသူ့ရဲ့လက်လေးပေါ် ခေါင်းတင်လိုက်ပြီး မျက်စိမှိတ်ကာအိပ်ဖို့ပြင်ရုံရှိသေးသူကလူကြီးရဲ့လက်မောင်းကအသံထွက်လာတာကိုကြားလိုက်ရတယ်။ ထိုလူကြီးရဲ့လက်မောင်းက ငွေရောင်လက်ပတ်က ဆုတ်ဖြဲခံရပြီး ချက်ခြင်းနှစ်ပိုင်းကွဲသွားကာ အနက်ရောင်အရာတချို့ မြေကြီးပေါ်ကိုပြုတ်ကျသွားတယ်။ ကွဲထွက်သွားတဲ့အခြမ်းနှစ်ခုမှတောက်ပပြီးရွန်းစိုတဲ့အနက်ရောင်က မီးရောက်အောက်မှာတောက်ပစွာ ထွက်ပေါ်လာတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now