- ကျားသစ်လေး၏ပတ်သတ်ဆက်နွယ်မှု
ဒေါသထွက်လို့သွားတဲ့ကျားသစ်လေးဟာ သူ့ရဲ့စက်လုံးထိုင်ခုံကိုအဝေးသို့ မောင်းနှင်သွားခဲ့ပြီး ပြန်ကိုလှည့်မလာတော့ပေ။ သူဒီယုံကြည်ကိုးစားလို့မရတဲ့ ဆရာတွေနဲ့ဘာမှကိုထပ်မပြောချင်တော့ဘူး သူကသူ့ရဲ့ကွမ်တမ်ကွန်ပြူတာအကြံပြုချက်အတိုင်းစာကြည့်တိုက်သို့တန်းသွားခဲ့သည်။
အရေထူကြတဲ့ဆရာသခင်တစ်သိုက်သည်လည်း သူ့နောက်သို့လိုက်လာခဲ့ကြသည်။ သူတို့အားလုံးကစာကြည့်တိုက်မှခွင့်ပြုချက်ရပြီးကြတာကြောင့်ဝင်လို့ရပါတယ်။ သူတို့ကကျားသစ်ငယ်လေးနောက်သို့ရွှေ့သွားကြပြီး တိုးတိတ်တိတ်အတင်းတုပ်ကြတော့သည်။
ဆရာကြီးရဲ့ဒေါသအမျက်ထွက်မှုအပေါ် အခြေခံရရင် ဒါကနဂါးနက်ကြီးအဲ့ဒါကိုထောင်မတ်ဖို့ရာကျရှုံးခဲ့လို့တော့မဟုတ်လောက်ဘူးမလား?
ဖြစ်နိုင်တယ်။
ငါတို့ ဒီလောက်ကြီးလည်း မသေချာနိုင်ပါဘူးကွ။ စစ်ဗိုလ်ချုပ်ကြီးက ဆရာကြီးကျားသစ်အောက် ရောက်နေရင်ရော ဘယ်လိုလုပ်မလဲ?
သူတို့ထဲက တစ်ယောက်ဆီက ထိုစကားကိုကြားပြီးနောက် အနှီဆရာသခင်အုပ်စုမှာ သူတို့ရှေ့ကစက်လုံးပတ်ထိုင်ခုံထဲမှ အမွေးနုလေးများနဲ့နှင်းကျားသစ်လေးကိုလှမ်းကြည့်လိုက်မိကြသည်။
...ဒါကစိတ်ကူးကြည့်ဖို့တော့ နည်းနည်းခက်တယ်။
ဒါကမဖြစ်နိုင်စရာမရှိဘူး။ မှန်းဆချက်ပေးသော ဆရာကြီး၏လေသံမှာ အနည်းငယ် အားပျော့သွားသည်။ ကျားသစ်လေးရဲ့လူသားပုံသဏ္ဍာန်ကိုသူတို့မြင်ကြဘူးလို့လား ပြီးတော့လည်း သူတို့နဂါးနက်ကြီးရဲ့ လူပုံသဏ္ဍာန်ကိုရော မမြင်ဖူးကြလို့လား?
ကျားသစ်ငယ်လေးဟာ ဆရာသခင်တွေရဲ့အတင်းအဖျင်းကြောင့် ကြက်သေသေသွားပြီး ခေါင်းလှည့်ကာကြည်လင်တဲ့ ကျားသစ်မျက်လုံးလေးများဖြင့် သူတို့အားစိုက်ကြည့်လိုက်သည်။ ဆရာသခင်များအားလုံး ချက်ချင်း ပါးစပ်ပိတ်သွားကြပြီး ကျားသစ်လေးအားတညီတညာပြုံးပြလိုက်ကြသည်။ "ဆရာကြီး ငါတို့မှားသွားပါတယ်!"
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.