ဆရာသခင် ၁၈ ဦးသည် ခရီးဆောင်အိတ်များနှင့်အတူ တံခါးဝဆီသို့ ရောက်ရှ်ိလာကြပြီး ကျားသစ်လေးသည်လည်း ဧည့်ခန်းတွင် ယာယီစာသင်ခန်းတစ်ခု လုပ်ပေးရန် အိမ်ထိန်းအား ညွှန်ကြားထားပြီးဖြစ်သည်။
ဧည့်ခန်းတွင် မူလက ဒုတိယထပ် စာကြည့်ခန်းတွင်ရှိခဲ့သော စားပွဲခုံကရောက်ရှိလို့နေသည်။ ၎င်းရှေ့တွင်တော့ စားပွဲနှင့် ကုလားထိုင် 18 စုံရှိပြီး ကျားသစ်၏ ထွင်းထုခြင်းလုပ်ငန်းစဉ်ကို အလွန်ကောင်းမွန်သောအရဘ်အသွေးဖြင့် ပြသမည့် 3D မျက်နှာပြင်တစ်ခုရှိသည်။
ထိုအချိန်တွင် ဝိုင်သောက်ပြီးသော ကျားသစ်ငယ်လေးသည် ၎င်း၏ကျားသစ်ခြေလက်ကိရိယာများကို ၀တ်ဆင်လိုက်ပြီးသည်နှင့် ပါးစပ်ထဲသို့ သစ်ကြားသီးလေးများထိုးထည့်နေသည့် ကျောပေါ်၌အဖြူအမဲအစင်းပါသော မြောက်အမေရိကရှဉ့်လေးတစ်ကောင်ကို ချောမွေ့စွာနှင့် လျင်မြန်စွာ ထွင်းထုလိုက်သည်။
ရှဉ့်ကလေးတွင် လိမ္မော်ရောင်နှင့် အညိုရောင်ရောနှောထားသော အမွေးလေးများရှိပြီး အမွှေးပွအမြီးလေး၊ ဖောင်းကားနေသည့်ပါးပြင်လေးများ တောက်ပသော မျက်လုံးနက်လေးများနှင့် လက်လေးနှစ်ချောင်းသည်လည်း သစ်ကြားသီးကြီးတစ်လုံးကို ကိုင်ဆောင်ထားသေးသည်။ သစ်ကြားသီးကို ကိုက်ဖို့ကြိုးစားရင်း သူ့ခေါင်းက ဆတ်ဆတ်ခါခါနေပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့အမွှေးလေးတွေကလည်း ရှုပ်ပွကာနေသည့်ပုံလေးပင်...
ဆရာသခင်များ အိမ်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ကျားသစ်ငယ်လေးသည်လည်း ရှဉ့်ကလေး ထွင်းထုခြင်းကို ပြီးစီးသွားလေသည်။ သူသည် ပြီးစီးသွားသည့် ရုပ်ထွင်းကို တစ်ဖက်သို့ တွန်းလိုက်ကာ အခြားကျောက်တုံးကို ကိုင်ရန် သူ့လက်ကို လှမ်းလိုက်သည်။ ကျားသစ်လေးကိုဆရာသခင်တွေတွေ့သွားတဲ့အချိန်မှာတော့ ကျားသစ်လေးဘေး၌ ရုပ်ထွင်း သုံးလေးခုရှိနေသည်ကို ဆရာသခင်တွေတွေ့သွားကြရသည်။
စောစောမလာမိသည်ကို နောင်တရမိသွားတဲ့ ဆရာကြီးတွေဟာ ခရီးဆောင်အိတ်တွေကို ချက်ချင်းပစ်ချလိုက်ကြပြီး ထိုင်ခုံတွေပေါ်ကို အမြန်ပြေးတက်လိုက်ကြပါတယ်။ သူတို့ထိုင်လိုက်သည်နှင့် သက်တောင့်သက်သာရှိသော ထိုင်ခုံဘေးတွင် အဆင့်နိမ့်စွမ်းအင်သုံး ကျောက်တုံးများစွာကို တွေ့လိုက်ရသည်။ ကျားသစ်ငယ်သည် ဆရာတစ်ယောက်အဖြစ် အတွေးအခေါ်ကောင်းလွန်းသည်ဟု ဆရာသခင်များက ခံစားမိခဲ့ကြသည်။ တပည့်ဖြစ်တဲ့ သူတို့အတွက်လေ့ကျင့်ရေး ပစ္စည်းတွေတောင် ပြင်ဆင်ထားပေးသည်လေ။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.