Chapter - 50 [Zawgyi]

2.2K 230 6
                                    

Ch50 - Little Leopard in Military Uniform

ကျားသစ်လေးကဆိုဖာပေါ်တွင်လှိမ့်လှဲကာဧည့်ခန်းရဲ့မီးပဒေသာပေါ်ကထွင်းထားတဲ့အနက်ရောင်နဂါးငယ်လေးကိုမော့ကြည့်လိုက်သည်။  သူကသူ့ရဲ့နှာခေါင်းလေးကိုလုံးတုတ်တုတ်လက်လေးများဖြင့်ဖုံးအုပ်လိုက်ကာသူ့အမြီးထူလုံးလုံးလေးကလည်းလှုပ်ယမ်းသွားခဲ့ပြီးသူ့ခေါင်းထဲ၌စိတ်ကူးတစ်ခုပေါ်လာခဲ့သည်။

ချစ်ဖို့ကောင်းတဲ့အနက်ရောင်နဂါးငယ်လေးကိုသူ ထွင်းထုထားခဲ့တာတော်တော့်ကိုကြာခဲ့ပြီပဲ!

ကျားသစ်လေးကဆိုဖာပေါ်မှ ရုတ်တရက်ခုန်ထလိုက်ကာ Aojia ရဲ့လူတွေပေးပို့ထားတဲ့စင်တစ်ခုလုံးအပြည့်အဖြူရောင်ကျောက်တုံးများဆီသို့ပြေးသွားခဲ့သည်။  သူကလှန်လှောရှာဖွေကာအောက်ဆုံးနားမှကွဲပြားသည့်အနက်ရောင်အဆင့်နိမ့်စွမ်းအင်သုံး ကျောက်တုံးကိုကောက်ယူကာဧည့်ခန်းဆီခေါ်ထုတ်သွားခဲ့ပြီးစားပွဲပေါ်သို့တင်လိုက်သည်။

ကျားသစ်လေးကစားပွဲပေါ်သို့တက်ကာကုပ်ကုပ်လေးထိုင်လိုက်တယ်။ သူကဓားကိုကိုင်လိုက်ကာကျောက်တုံးနှင့်ချောမွေ့စွာပွတ်တိုက်လေတယ်။

ဒါကဝိုင်းဝိုင်းလေးဖြစ်ပြီးပိုမိုလှုပ်ရှားနိုင်သည့်အနက်ရောင်နဂါးငယ်လေးဖြစ်သည်။ နဂါးအမြီးကကိုယ်ခန္ဓာရဲ့နံဘေးမှကွေးညွတ်ကာမြေပြင်ပေါ်တွင်တိုတုတ်တုတ်လေးကျနေသည်။ ကျယ်ပြန့်တဲ့နဂါးအတောင်ပံများကတော့နဂါးဝမ်းဗိုက်အများစုကိုတင်းကျပ်စွာဖုံးအုပ်ထားပြီးသူ့ရင်ဘတ်အားဂရုတစိုက်ရစ်ပတ်ထားသည်။ အနက်ရောင်နဂါးလေးရဲ့ရွှေရောင်ဒေါင်လိုက်မျက်စံများကကြီးမားကာစိတ်အားထက်သန်စွာဖြင့်သူ့ပတ်ဝန်းကျင်ကိုသတိနှင့်ကြည့်ရှုနေလေသည်။

Rong Mingshi ကသူ့ရဲ့ချစ်စဖွယ်နှင်းကျားသစ်လေးကိုထွင်းထုရတာကိုအသားကျနေနှင့်ပြီးပါပြီး။

ထို့ကြောင့်အနက်ရောင်နဂါးလေးရဲ့အတောင်ပံများကသူ့ရဲ့ဝမ်းဗိုက်ကိုရစ်ပတ်ထားခြင်းမဟုတ်ပဲနှင်းကျားသစ်လေးတစ်ကောင်ကနဂါးနက်လေးရဲ့လည်ပင်းကြားမှခေါင်းကိုတိုးထွက်ကာနဂါးအတောင်များကိုပွင့်စေရန်ကြိုးပမ်းနေခြင်းကြောင့်ဖြစ်သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now