Chapter - 44 [Uni]

6.3K 963 20
                                    

- သင်ယူမှုအားမကောင်းပါ။

မည်သည့်ကွင်းဆက်ပျောက်သွားသည်နှင့် ပတ်သက်၍ Rong Mingshi သည်၎င်းအားလုံးဝမစဉ်းစားနိုင်ခဲ့ပေ။ သူကပြတိုက်မှတ်တမ်းများကရက်စွဲများကိုကြည့်လိုက်တယ်။ ရက်စွဲတွေကသားရဲလူသားအင်ပါယာရဲ့ပြက္ခဒိန်ပေါ်အခြေခံပြီးနှစ်ပေါင်းထောင်ချီကြာခဲ့ပြီးနှင့်ပါပြီ။

Rong Mingshi က Aojia ကိုမော့ကြည့်လိုက်တယ်။ "Aojia၊ ရေသူထီးဘိုးဘေအကြောင်းမှတ်တမ်းတွေရှိလား? "

Aojia ကသူ့အားပြန်ကြည့်ပြီးဖြေလိုက်တယ်။ “ အင်ပါယာထွင်းထုကျောင်းတော်ကစာကြည့်တိုက်မှာဘိုးဘေရဲ့သင်ကြားပုံတစ်ချို့ရှိတယ်”

ကျားသစ်လေးကခေါင်းညိတ်တယ်။ "ဒါဆိုမနက်ဖြန်ကျွန်တော်ကောလိပ်သွားပြီးစုံစမ်းရမယ်"

Aojia ကသူ့လက်လေးကိုညှစ်လိုက်တယ်။ " မင်းလေးမှာလုံလောက်တဲ့လုပ်ပိုင်ခွင့်မရှိဘူးလေ။ "

ကျားသစ်လေးကပဟေဠိဆန်စွာကြည့်လိုက်တယ်။ " ကျွန်တော်ကောလိပ်စာကြည့်တိုက်ကိုဝင်ဖို့ခွင့်ပြုချက်လိုတာလား။ "

"မနက်ဖြန်ကျောင်းအုပ် Stewart ရဲ့ခွင့်ပြုချက်ကိုမင်းလေးအတွက်ကိုယ်တောင်းပေးပါ့မယ်။ "

“ ဟုတ် ” ကျားသစ်ငယ်လေးသမ်းဝေလိုက်တယ်။

Aojia ကခေါင်းလေးကိုပွတ်သပ်ပေးလိုက်တယ်။ "အိမ်ပြန်မလား?"

ကျားသစ်ငယ်လေးကသူရဲ့ထူတုတ်တုတ်အမြီးလုံးလေးကိုဖက်ကာ Aojia ရဲ့ရင်ခွင်ထဲတွင်ခေါင်းကိုမြှုပ်ထားလေသည်။ " အင်း၊ အိမ်ပြန်ပြီးအိပ်ကြမယ်။ "

Aojia ကကျားသစ်လေးကိုပွေ့ထားရင်းကြားမှဝတ်ရုံကိုချွတ်လိုက်ပြီးကျားသစ်လေးကိုခြုံပေးလိုက်ပါတယ်။

ထိုအချိန်၌ပြတိုက်ရဲ့ပထမထပ်ဧည့်ခန်းထဲကဆူဆူညံညံလူအုပ်ကတိတ်ဆိတ်သွားခဲ့နှင့်ပါပြီ။ ဧည့်သည်များအားလုံးထွက်ခွာသွားနှင့်ခဲ့ကြပြီးတခြားစံအိမ်သို့မပြောင်းရွေ့မီလုံခြုံမှုရှိမရှိဆုံးဖြတ်ရန်အတွက်အင်ပါယာတပ်သားတွေအားစောင့်မျှော်နေတဲ့မြို့စား Oran တို့မိသားစုသာကျန်ရစ်နေခဲ့ပါတယ်။ မြို့တော်ရဲ့အလယ်ဗဟိုရှိဇိမ်ခံအိမ်ရာနှစ်ခုကပေါက်ကွဲခဲ့ပြီးယခုအခါမြို့စား Oran တို့မိသားစုကဝေးလံတဲ့အရပ်ကအိမ်ရာတစ်ခုသို့သာသွားနိုင်တော့သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now