Chapter - 55 [Uni]

5.2K 1K 41
                                    

- ငါတို့ရဲ့အလုပ်သင်လေးလား?

ရှေ့တန်းစစ်သည်တွေအကြောင်းကိုကောလာဟလတွေဖြန့်ပြီးစတိုးဆိုင်ပိုင်ရှင်ကိုလှည့်ဖြားအပုပ်ချဖို့နောက်ကွယ်မှာဘယ်သူတွေလုပ်ဆောင်ခဲ့တာလဲ? စတိုးဆိုင်ပိုင်ရှင်ရဲ့စတိုးဆိုင်တဖြည်းဖြည်းကြီးထွားလာတာကဘယ်သူတွေရဲ့အကျိုးစီးပွားကိုပျက်စီးစေတာဖြစ်နိုင်မလဲ?

စိတ်အားထက်သန်မှုတွေပြီးဆုံးသွားပြီးနောက်သားရဲများကတဖြည်းဖြည်းငြိမ်သက်လာခဲ့သည်။ အထူးသဖြင့်စတိုးဆိုင်ပိုင်ရှင်ကအဆင့်မြင့်အမှာစာများကိုစတင်လက်ခံပြီးနောက်ထိုစတိုးဆိုင်ပိုင်ရှင်၏တည်ရှိပုံကလက်ရှိပန်းပုလုပ်ငန်းအပေါ်သက်ရောက်မှုရှိမည်မှာသေချာသည်။ ဒီဒဏ်ကိုဘယ်သူကခံရမှာလဲ။

သားရဲအင်ပါယာကြီးတစ်ခုလုံးကဒါသည်မူလကတည်းကအဆင့်မြင့်စွမ်းအင်ကျောက်ထွင်းထုများကိုလက်ဝါးကြီးအုပ်ထားသည့် Oran ထွင်းထုလုပ်ငန်းဖြစ်ကြောင်းသိကြပါသည်။ အချိန်အတိုင်းအတာတစ်ခုအထိလူတိုင်းမှာသံသယတွေရှိခဲ့တယ်။ သူတို့ကစတိုးဆိုင်ပိုင်ရှင်ကသူ့နိုင်ငံကိုရောင်းစားနေတဲ့သူတစ်ယောက်လို့အွန်လိုင်းသားရဲတွေကိုလျှို့ဝှက်လှည့်စားခဲ့တာလား?

-အားလုံးပဲသတိကပ်ကြပါ။ လုပ်ငန်းကြီးတစ်ခုကအသေးစားအွန်လိုင်းစတိုးကိုဂရုစိုက်မယ်တဲ့လား? ထွင်းထုလုပ်ငန်းကြီးတွေကနှစ်စဉ်ကို၀င်ငွေ ၁၀ ဘီလီယံလောက်ရှိတယ်။

- ထွင်းထုလုပ်ငန်းကမြို့စားကြီးရဲ့မိသားစုထဲလည်ပတ်နေတာ။ ထိုမိသားစုကစီးပွားရေးကိုအချိန်အတော်ကြာအောင်လုပ်ကိုင်ခဲ့ပြီးတော်ဝင်စတိုင်လ်နဲ့ ကောင်းမွန်တဲ့ထုတ်ကုန်တွေရဲ့တောက်ပတဲ့စံနမူနာတစ်ခုလည်းဖြစ်တယ်။ စတိုးဆိုင်သေးသေးလေးနောက်ကိုဘယ်လိုလုပ်ရောက်ပါ့မလဲ။ ငါထင်တာတော့စတိုးဆိုင်ပိုင်ရှင်ကသူ့ကိုယ်သူစန်းတင်ဖို့သွေးထိုးနေတယ်လို့ငါတကယ်သံသယဖြစ်မိတယ်!

-တော်ဝင်စတိုင်? ထုတ်ကုန်ကောင်း?  တော်လိုက်စမ်းပါ! ငါအဆင့်မြင့်စွမ်းအင်ကျောက်တုံးတစ်ခုကိုထွင်းဖို့အဲ့ဒီ့မှာအပ်ခဲ့ဖူးသေးတယ်။ အဲ့ဒီ့မိသားစုကိုကြယ်ဒင်္ဂါးပြားခြောက်သန်းဈေးပေးခဲ့ရတယ်။ အဲဒါကိုတစ်နှစ်ခွဲနဲ့သတိပေးချက်သုံးခုလောက်ပေးပြီးတဲ့နောက်မှပဲနောက်ဆုံးမှာပန်းပုကိုရခဲ့ပါတယ်။ ငါကအစွမ်းထက်တဲ့ရွှေစပါးအုံးမြွေဖြစ်ပေမယ့်နောက်ဆုံးထွက်ကုန်ကတော့အဝါရောင်မစင်တွေပဲ! အဲဒီလုပ်ငန်းကိုသွားရတာထက်စတိုးဆိုင်ပိုင်ရှင်ရဲ့အဆင့်နိမ့်စွမ်းအင်ကျောက်တုံးတွေကိုပဲဖမ်းယူရတာပိုကြိုက်တယ်။ ဒီမှာပုံတွေကြည့်ကြ!
(တကယ့်ကိူမစင်နဲ့တူတဲ့လိ‌မ္မော်ဝါရောင်ပုံပန်းသဏ္ဍန်)

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now