- မူးနေသောကျားသစ်ငယ်လေး
Aojia ကအိမ်ထိန်းရှေ့မှာရပ်လိုက်ပြီးသူတစ်ခုခုပြောတော့မယ့်အချိန်နူညံ့တဲ့အသံတိုးတိုးလေးကြားလိုက်ရတယ်။ အိပ်မောကျနေခဲ့တဲ့ကျားသစ်ငယ်လေးကအိပ်ယာပေါ်ဖြည်းဖြည်းချင်းလျှောဆင်းလာခဲ့ပြီးသူ့ရဲ့ကျားသစ်လက်တုတ်တုတ်တွေနဲ့တံခါးကိုထုကာအသံသေးသေးလေးထွက်လာခဲ့တယ်။
“Aojia jiji တံခါး~ ”
Rong Mingshi ကအလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။ ယခင်ကသူအဝင်အထွက်လုပ်ချင်သည့်အခါတိုင်းထိုတံခါးများကအလိုအလျောက်ပွင့်သွားလိမ့်မည်ဘဲဖြစ်တယ်။ ဒီတခါဘယ်လိုဖြစ်လိုမပွင့်လာတာပါလိမ့်?
“…”
Aojia ကသူ့အိပ်ခန်းမှလွဲပြီးပျက်စီးနေသောအိမ်ကြီးကိုလှည့်ပတ်ကြည့်လိုက်တယ်။ သူကအိမ်ထိန်းရဲ့ master data ထဲကစစ်တပ် intelligence Ruhr ကိုသူ့ကွမ်တမ်ကွန်ပျူတာသုံးကာအမြန်ဆက်သွယ်လိုက်တယ်။
Ruhr က master data အပေါ်သူ့ရဲ့ဆုပ်ကိုင်မှုကိုဖြေလျှော့လိုက်ပြီးဗိုလ်ချုပ်ကြီးရဲ့ mech စီသို့ပြေးသွားပြီးပတ်ဝန်းကျင်ပုံရိပ်ကို 3D ပုံရိပ်တစ်ခုအမြန်ထည့်လိုက်သည်။ ၎င်းကမူလစံအိမ်အဆောက်အအုံကိုပြသခဲ့ပြီးစစ်တပ်၏အထူးကိရိယာမရှိပါကခွဲခြားရန်လုံးဝမဖြစ်နိုင်ပေ။
ထို့နောက် Aojia က mech သံချပ်ကာကိုလက်ခံရရှိခဲ့ပြီး၊ သူ့အမူအရာကိုရှင်းလင်းကာအိပ်ခန်းသို့ပြန်လာခဲ့တယ်။ သူကအိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ကျားသစ်လေးရဲ့တံခါးပေါ်ကလက်ကချော်သွားခဲ့ပြီးပက်လက်လန်သွားခဲ့ကာ Aojia ကိုမော့ကြည့်လိုက်တယ်။
Aojia ကအောက်ကိုငုံ့ကာကျားသစ်လေးကိုကောက်ပွေ့လိုက်တယ်။ "မင်းမအိပ်ဘူးလား?"
Rong Mingshi ကသူ့ရဲ့အမွှေးပွအမြီးထူထူလေးကိုစက်ဝိုင်းပုံဝေ့ယမ်းလိုက်ပြီး Aojia ရဲ့လက်မောင်းပေါ်တင်လိုက်ကာပြန်လည်ပြောခဲ့တယ်။ " Ji "
Aojia ကမျက်ခုံးပင့်လိုက်မိတယ်။ "အဲဒါဘာလဲ?"
Rong Mingshi ကသူ့နှုတ်ခမ်းကိုအသာအယာသပ်လိုက်ပြီး သူ့အသံကြိုးများကိုထိန်းချုပ်လိုက်ကာထပ်မံပြောလိုက်တယ်။ "ဗိုက်ဆာတယ်~"
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.