Chapter - 65 [Zawgyi]

2.3K 199 5
                                    

– ချစ်စရာကောင်းတဲ့ကျားသစ်ငပေါလေး

ကိုရွှေစပါးအုံးမြွေပြီးနောက် အခြားကံကောင်းသည့်ဝယ်ယူသူများက ၎င်းတို့၏ ရုပ်ထွင်းများကို အလှည့်ကျပြသခဲ့ကြသည်။ ဝယ်သူများ လဲလှယ်ရေး ဧရိယာ တစ်ခုလုံးမှာ ရုပ်ထွင်း တစ်ဒါဇင်ကျော် ဖြင့်ပြည့်နှက်သွားခဲ့ပြီး စိတ်ကြိုက် အော်ဒါကို မလုယူနိုင်ခဲ့သော ဝယ်သူများကို မနာလိုမှု အပြည့် ဖြစ်လာစေခဲ့ပါသည်။

ထိုခံစားချက်က သူတို့ရဲ့ ရူးသွပ်ခြင်းကို သက်သာရာရစေရုံမျှမကဘဲ စိတ်မရှည်သော တောင့်တမှုတစ်ခုကိုလည်းဖြစ်စေသည်။ စတိုးဆိုင်ပိုင်ရှင်က အသက်ရှုထုတ်လိုက်တိုင်း ထောင်ချီတဲ့ ပန်းပုရုပ်တွေထွက်လာမယ့်အချိန်ကို မစောင့်နိုင်ကြတော့ဘူး။ ပိုရယ်စရာကောင်းတာက အင်ပါယာကြီးတစ်ခုလုံးက လူတစ်ဉီးတည်းဖြစ်သွားရင် ဒါကပြီးပြည့်စုံမယ်လို့ လူတချို့က ထင်နေကြတယ်။

ဟုတ်ပါတယ်၊ ဘယ်လောက်ပဲ အွန်လိုင်းစတိုးမှာ ဆူညံနေပါစေ ဒါမှမဟုတ် စတိုးဆိုင်ပိုင်ရှင်ကို  ဝယ်သူတွေက ဘယ်လောက်ပဲ ဝီရိယရှိလာစေရန် ငိုကြွေးပြနေပါစေ Rong Mingshi ကတော့ ၀ယ်သူလဲလှယ်တဲ့နေရာကို လုံးဝကိုရောက်မသွားခဲ့ပါဘူး။ သူကအဆင့်မြင့် စွမ်းအင်ကျောက် ၁၀ လုံးကို လေ့လာဖို့သာ အာရုံစိုက်နေပါတယ်။

သူက စားပွဲပေါ်တွင် ကျောက် ၁၀ လုံးကို ချထားလိုက်ပြီးနောက် ဝယ်သူ ၁၀ ဦးက ပေးထားသည့် သားရဲပုံသဏ္ဍာန် ပုံသဏ္ဍာန်ကိုထုတ်လိုက်သည်။ ကျောက် ၁၀ လုံးက အရောင်ဖျော့ သို့မဟုတ် ရင့်သော်လည်း ၎င်းတို့အားလုံးဟာ တစ်ရောင်တည်းပဲဖြစ်သည်။ Rong Mingshi ကလုံးဝခြားနားစွာခံစားနိုင်ခဲ့ပြီး သူတို့ထဲ သန့်စင်တဲ့ စွမ်းအားများ တဟုန်ထိုးစီးဆင်းနေသည်ကို ခံစားမိသည်။

ကျားသစ်ငယ်လေးက သူ့ခြေလက်လေးတွေကို ပွတ်သပ်လိုက်ပြီး သူ့ကိရိယာတွေကို စတင်ကိုင်တွယ်လိုက်တယ်။ ထို့နောက် သူက သူ့ရဲ့ အလုပ်သင်များအကြောင်းကို တွေးမိကာ ကွမ်တမ်ကွန်ပျူတာရဲ့ ဗီဒီယိုရိုက်ကူးမှု လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။ သူက နေ့လယ်အထိကို အလုပ်များနေခဲ့ပြီး အဆင့်မြင့် စွမ်းအင်ကျောက်နှစ်ခုကို ထွင်းထု ပြီးစီးခဲ့သည်။ သူနေ့လယ်စာထွက်စားပြီး တစ်ရေးတစ်မော အိပ်လိုက်ပါတယ်။ နဂါးနက်ကြီး ပြန်ရောက်လာတဲ့အခါမှာတော့ သူက ပထမထပ်တွင်ရောက်နေတာပဲဖြစ်သည်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now