- နဂါးနက်ကြီးရဲ့သိုဝှက်ထားတဲ့မနာလိုအူတိုမှုများ
အနက်ရောင်နဂါးကြီးအတွက်ပစ္စည်းရှာတွေ့လိုက်တာဘဲကျေးဇူးတင်ရမယ်။ မဟုတ်ရင် Rong Mingshi ကအခြားတိရစ္ဆာန်တွေကိုလေ့လာပြီးကျောက်တုံးထွင်းနေရင်းနဲ့မေ့သွားလောက်တယ်။ သူကကျန်တဲ့ကျောက်တုံးတွေကိုဘေးကို့လိုက်တယ်။ ကျားသစ်လေးကငွေရှာချင်ပေမယ့်လို့နဂါးကြီးကိုထုထွင်းပေးချင်တဲ့ဆန္ဒကပိုများနေခဲ့တယ်။
Rong Mingshi ကသူစိတ်ကူးယဉ်ထားတဲ့အနက်ရောင်နဂါးလေးကိုပြသနိုင်မယ့်စိတ်ကူးအတွက်အလွန်စိတ်လှုပ်ရှားနေခဲ့တယ်။ ချစ်စရာ Aojia ကအရမ်းစိတ်ဝင်စားစရာကောင်းတာဘဲ! သို့သော်အွန်လိုင်းမှ ဝယ်ယူရတဲ့အတွက်ပစ္စည်းလက်ခံရရှိရန်အချိန်အနည်းငယ်ကြာခဲ့တယ်။ Rong Mingshi ကအနည်းငယ်စိုးရိမ်တကြီးစောင့်ဆိုင်းကာပါဆယ်အသေးလေးတစ်ထုပ်နဲ့ Drone တစ်ခုလှေကားမှာလာသက်ဆင်းတဲ့အထိ သူကအခန်းနှစ်ခန်းဆက်ထားသည့်လှေကားမှာဟိုပြေးသည်ပြေးဖြစ်နေခဲ့တယ်။
"မစ္စတာ Rong Mingshi မင်းရဲ့ Express delivery ရောက်လာပါပြီ၊ ကျေးဇူးပြုပြီးလက်မှတ်ထိုးပါ။ ”
သတင်းအချက်အလက်များလွှဲပြောင်းသည့်စက်သံတစ်ခုထွက်လာခဲ့တယ်။ ကျားသစ်ကမော့ကြည့်လိုက်ပြီးသူ့ရှေ့က Drone ကလက်မှတ်ထိုးရန်ပြလိုက်တယ်။ Rong Mingshi ကသူလက်ကိုအေးအေးဆေးဆေးဆန့်ထုတ်လိုက်ပြီး ကျားသစ်လက်ဖဝါးရာလေးကိုဖိကပ်လိုက်။
အင်ပါယာရဲ့လက်ရေးအသိအမှတ်ပြုမှုစနစ်ကလက်မှတ်များကိုရေးရမည်ဟုတင်းကျပ်သောစည်းမျဉ်းမရှိပေ။ Rong Mingshi ရဲ့လက်ဖဝါးအရာကစည်းမျဉ်းစည်းကမ်းများနှင့်မညီပါကကျောင်းအုပ် Stewart ကသူ့လက်မှတ်ကိုလွယ်လွယ်ကူကူလက်ခံခဲ့လိမ့်မှာလည်းမဟုတ်ပေ။
လက်မှတ်ကိုလက်ခံရရှိခဲ့ပြီးနောက် Drone ကအထုပ်ကိုပေးခဲ့ပြီးအဝေးကိုအမြန်ပျံသွားတော့တယ်။ ကျားသစ်လေးကပါဆယ်ထုပ်ကိုလက်နဲ့အသာဖိလိုက်ပြီးအထုပ်ရဲ့အသိဥာဏ်စနစ်ကြောင့်တောက်ပလာခဲ့တယ်။ အီလက်ထရောနစ်သော့ကရုတ်သိမ်းလိုက်ပြီးအရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့လက်သီးအရွယ်အရောင်သုံးရောင်ရောစပ်ထားကာပတ်ချာလည်ကဝိုင်းနေတဲ့အနိမ့်တန်းစွမ်းအင်ကျောက်တုံးကထွက်ပေါ်လာခဲ့တယ်။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.