Chapter - 46 [Uni]

5.6K 1K 24
                                    

- ငွေပေးခြင်းကရိုင်းလွန်းသည်။

လုံလောင်သွားတဲ့ဒုဗိုလ်မှူးကနောက်ဆုံးတွင်သူ့မြေခွေးနားရွက်များကိုပြန်သိမ်းလျက်ဥဒေါင်းရုပ်ရှင်ဧကရာဇ်ရဲ့လှပသောဦးရစ်သရဖူအမွေးများသည်လည်းတစ်ဖက်တွင်ပြန်သိမ်းသွားခဲ့သည်။ ဒုဗိုလ်မှူးကလက်လှမ်းကာ၎င်းတို့ကိုတို့ထိလိုက်တယ်။ " နောက်တစ်ခေါက်? "

ဥဒေါင်းကသူ့လက်ကိုဖြတ်ရိုက်လိုက်သည်။ “ ငါသာထပ်လုပ်ရင်ငါ့ခါးကျိုးသွားလိမ့်မယ်! ”

သူတို့ကအကြိမ်ကြိမ်ရင်းနှီးခဲ့ဖူးပေမယ့်ဖြည်းဖြည်းသာသာနဲ့သာဖြစ်ပြီးသူတို့ကအစစ်အမှန်မလုပ်ဖူးခဲ့ဘူး။ ဒီသူ့မြေခွေးကသူ့လုံခြုံရေးအတွက်ပဲအမြဲစိတ်ထဲထားတာသူသိပါတယ်။ ယခုအခါတွင်တော့မြေခွေးအဆင့်မြင့်စွမ်းအင်ကျောက်တုံးကြီးကိုထွင်းထုထားခဲ့ပြီးပြီမို့ချုပ်တည်းစရာမလိုတော့ပါ။ ဒီမြေခွေးကသူ့ကိုလုံးလုံးနီးပါးမျိုချပစ်လိုက်တော့တာပဲ!

ဒုဗိုလ်မှူးကဖြစ်ရပ်မှန်များကိုတည်ငြိမ်စွာထောက်ပြသည်။ "မင်းအမွှေးတွေကပြန်မကောင်းသေးဘူးလေ"

[T/N - Heat ဝင်တဲ့အချိန်အတွင်း တစ်နည်းအားဖြင့်ဆို ထန်တဲ့အချိန်ပေါ့ >.< အဲ့အချိန်မှာဆိုသားရဲတွေသူတို့ရဲ့သားရဲပုံစံအလုံးစုံထိန်းချုပ်မထားနိုင်ကြပါဘူး Aojia လည်းကျားသစ်လေး‌အရှေ့မှာအတောင်ပံကြီးဖြန်းခနဲထွက်သွားသလိုပေါ့ စိတ်ငြိမ်သွားမှသာလူပုံစံစစ်ကိုပြောင်းသွားတာပါ ဒီမှာကိုကိုမြေခွေးကသူ့ရဲ့‌ဒေါင်းဒေါင်းလေးကိုအမွှေးတွေပြန်မပျောက်သွား‌သေးလို့နောက်တစ်ခေါက် PaPaPa မယ်ဆိုပြီး reason တွေပေးနေတာပါ။ ]

Suo Lan ကသူ့ဦးခေါင်းပေါ်ရှိအမွေးအတောင်များကိုလက်နဲ့ဖိကာပြားသွားအောင်ကြိုးစားလိုက်သည်။ ထိုအချိန်အတွင်းသူကမြေခွေးရဲ့နားအားလက်လှမ်းကာဆွဲထုတ်လိုက်သည်။ ထို့နောက်သူကအထင်သေးတဲ့လေသံလေးနဲ့ပြောလိုက်တယ်။ " မသိရင်သူ့အမွှေးတွေကလည်းမရှိတော့တဲ့အတိုင်းလာပြောနေတယ်! "

“ နည်းလမ်းမရှိဘူး။ နောက်ဆုံးတော့ကိုယ်ပျော်ရွှင်စွာအသားစားမစားရတဲ့အချိန်ကအရမ်းကိုကြာနေခဲ့ပြီ။ ငါနောက်ထပ်အသားပိုစားဖို့လိုတာကလည်းဖြစ်သင့်တာပဲလေ။ ”

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Место, где живут истории. Откройте их для себя