Chapter - 37 [Uni]

6.2K 1K 5
                                    

- သူ့အမြီးတွေကိုဖြန့်ထားတဲ့ဥဒေါင်း

ကျားသစ်လေးကသက်တောင့်သက်သာအိပ်ပျော်နေပြီးကွမ်တမ်ကွန်ပျူတာကဆက်သွယ်ရေးအားလုံးကိုပိတ်ပစ်ခဲ့တယ်။

ချမ်းသာပြီးချောမောတဲ့ကိုရွှေလင်းယုန်ကစတိုးဆိုင်ပိုင်ရှင်အားမက်ဆေ့များစွာပို့ခဲ့သည်ကိုသူလုံးဝမသိခဲ့ပေ။ အသံဖြစ်ဖြစ်ဗီဒီယိုဖြစ်ဖြစ် စာတိုတွေဖြစ်ဖြစ်ပို့ခဲ့ပေမယ့်ဆိုင်ရှင်ထံမှပြန်စာလုံးဝမရရှိခဲ့ချေ။

သို့သော်လည်းကိုရွှေလင်းယုန်ကပိုင်ရှင်အားဆက်သွယ်ရန်အတွက်တစ်ခုတည်းသောနည်းလမ်းမှာ Star Network ရဲ့စတိုးဆိုင်ပလက်ဖောင်းမှပေးတဲ့ဆက်သွယ်ရေးကိရိယာများမှတဆင့်ဘဲဖြစ်လေတယ်။ သူ့တွင်အခြားအဆက်အသွယ်အချက်အလက်များ (သို့) ပိုင်ရှင်ရဲ့လိပ်စာအတိအကျမရှိခဲ့ပေ။

“ ညီအစ်ကိုရေ၊ ဒါကအလုပ်မဖြစ်နိုင်ဘူးထင်တယ်။ ဒီစတိုးဆိုင်ပိုင်ရှင်ကဘယ်လောက်တောင်အေးအေးဆေးဆေးနေလဲဆိုတာမင်းသိမှာမဟုတ်ဘူး။ ဝယ်သူအားလုံးကသူ့ကိုအပျင်းဆုံးစတိုးဆိုင်ပိုင်ရှင်အဖြစ်အသိအမှတ်ပြုထားကြတာလို့တောင်ပြောကြတာ။ ”

ရွှေလင်းယုန်ဘေးမှာအရပ်ရှည်ပြီးချောမောတဲ့သူရဲကောင်းတစ်ယောက်ရှိလေတယ်။ ထိုလူကရွှေလင်းယုန်စွမ်းအင်ကျောက်ကိုသူ့လက်၌ကိုင်ထားပြီးစူးရှတဲ့မျက်လုံးများဖြင့်ငေးကြည့်နေခဲ့တယ်။ “ သူကငွေရှာဖို့စတိုးဆိုင်ဖွင့်ကတည်းကပထမဆုံးစျေးနှုန်းကြယ်ဒင်္ဂါး ၁၀၀ ကသူ့တွက်ချက်မှုအမှားဘဲ။ ဒုတိယအကြိမ်သူစိတ်တိုင်းကျအမှာကိုဖွင့်လိုက်သည်နှင့်ဒါကသူ့တွင်လည်းစီးပွားရေးစိတ်တစ်ခုရှိကြောင်းပြသတာပဲလေ။ နောက်တစ်ကြိမ်ပိုင်ရှင်အွန်လိုင်းတက်တဲ့အခါသူ့ကိုဒင်္ဂါး ၅၀၀၀၀၀ စျေးနှုန်းပေးပြီးနောက်တစ်ကြိမ်ထပ်မှာယူဖို့ကြိုးစားကြည့်လိုက်။ ”

ရွှေလင်းယုန်ကသူ့ညီအစ်ကိုကိုင်ထားတဲ့စွမ်းအင်ကျောက်တုံးကိုငေးကြည့်နေခဲ့တယ်။ သူ့နှလုံးသားလေးခုန်သွားခဲ့ပြီးသူကအဲဒါကိုအလျင်အမြန်ဆုတပ်ကိုင်ပြီးသူ့လက်ပတ်ထဲမှာဂရုတစိုက်ထည့်လိုက်တယ်။ “ ညီအစ်ကိုရေ သူ့အမှာစာကိုဖမ်းဖို့ကမြန်မြန်ဆန်ဆန်လုပ်ဖို့လိုတယ်။ ၎င်းကစက္ကန့်ပိုင်းအတွင်းရောင်းထွက်ပြီးငွေကလည်းအသုံးမဝင်ဘူး။ အဲ့ဒါအပြင်ကိုစတိုးဆိုင်ပိုင်ရှင်ရဲ့အွန်လိုင်းတက်အချိန်ကသတ်မှတ်မထားတာမို့သူဘယ်အချိန်မှအော်ဒါဖွင့်မလဲကိုမသိရဘူး။ ”

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now