CHAPTER 74
ယနေ့ဟာ Aojia ထွက်ခွာသွားသည့် သုံးရက်မြောက်နေ့ဖြစ်သည်။ ကျားသစ်ငယ်လေးဟာ ရွှေအိပ်ယာပေါ်မှ တည်ငြိမ်စွာထကာ ယနေ့ညတွင် နဂါးသိုက်ကို သူတစ်ယောက်တည်း စောင့်ရှောက်ရတော့မည်မဟုတ်ဟု တွေးလိုက်သည်။ ဒီနဂါးအသိုက်ထဲမှာ အိပ်ရတာက ဒုတိယထပ်က အိပ်ခန်းထဲမှာအိပ်ရတာထက် ပိုအဆင်ပြေပါတယ်။ Aojia ပြန်ရောက်တာနဲ့ Rong Mingshi က သူ့ကိုဒီမှာ အိပ်စက်ဖို့ရာ ဆွဲခေါ်လာပစ်မှာပါ။
ကျားသစ်ငယ်လေးဝယ်ခဲ့သော ရွှေစင်ဒင်္ဂါးပြားများက ရွှေစင်ဒင်္ဂါးပြားများသာဖြစ်ခဲ့ပြီး ထိုရွှေများကို အရည်ပျော်အောင်ပြုလုပ်ပြီးမှသာ နဂါးသိုက်ဖြစ်လာတာဖြစ်သည်။ ရှင်းရှင်းလင်းလင်းပြောရရင်၊ Rong Mingshi က သူ့ရဲ့ အနက်ရောင်နဂါးကြီးဟာ ဒီနေရာမှာ နဂါးအသွင်ဖြင့်တောင် တစ်ခါမှလာမအိပ်ဖူးကြောင်း သူခံစားမိသည်။ ဒီရွှေရောင်အိပ်ရာအတွက်မူ Rong Mingshi က အိပ်ရတာ သက်တောင့်သက်သာရှိတာကြောင့် အရောင်နဲ့ ပုံစံတွေက ဘာမှအရေးမကြီးလို့ ယုံကြည်ထားတယ်!
ဆရာသခင်ကျားသစ်ငယ် နှစ်ရက်ကြာအောင် ထုလုပ်ထားသည့် စွမ်းအင်ကျောက်တုံးလက်ရာများစွာကို ကြည့်ရှုပြီးနောက် သခင်များအားလုံးသည် မတူညီသော လေးနက်တဲ့ နားလည်မှုအဆင့်အမျိုးမျိုး ရရှိခဲ့ကြသည်။ သူတို့ ထွင်းထုသော လက်ရာများသည် သူတို့၏ သက်ဆိုင်ရာ ပုံစံများအပေါ် အခြေခံ၍ အရည်အသွေး ခုန်တက်သွားခဲ့သည်။
ယနေ့တွင် ဆရာသခင်များသည် အရက်မူးပြီးနောက် ကျားသစ်ငယ်၏ ရူးသွပ်စွာထွင်းထုခြင်းကို ဆက်လက်၍ကြည့်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သို့သော် ကျားသစ်ငယ်ဆရာသခင်သည် စားပွဲပေါ်သို့တက်ကာ အဆင့်နိမ့်စွမ်းအင်ကျောက်တုံးကို ကောက်ယူလိုက်သည် သူ့တွင်သောက်မည့် အစီအစဉ်လုံးဝပင်ရှိမနေပေ။
သူတို့တွေ ကျောက်တုံးကို ခဏတာလောက်ကြာအောင်ကိုင်ထားသည့် ကျားသစ်လေးကို တွေ့လိုက်ရပြီး ထိုကျားသစ်ငယ်လေးက ခေါင်းကိုလှည့်ကာ အိမ်ထိန်းကို ခေါ်ခိုင်းလိုက်သည်။ ကြည်လင်ပြတ်သားသည့် 3D အရည်အသွေးဖြင့် ပြသသည့်ဖန်သားပြင်က သူ့နောက်တွင်ရှိနေပြီး မကြာသေးမီက ရိုက်ကူးထားသည့် ဗီဒီယိုအားလုံးဟာ သူ၏ ကွမ်တမ်ကွန်ပြူတာပေါ်၌ ထွက်ပေါ်လာခဲ့သည်။
KAMU SEDANG MEMBACA
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomansaAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.