Chapter - 80 [Uni]

3.7K 693 11
                                    

CHAPTER - 80

ဤနေ့သည် အလွန်အလုပ်များသောနေ့ဟု ဆိုရမည်။ သားရဲအင်ပါယာမှ အရာရှိများအားလုံးသည် မနက်ဖြန်ကမှရုတ်တရက် ကြေငြာခဲ့သည့် ဗိုလ်ချုပ်ကြီးလက်ထပ်တော့မည် ဆိုသည့်အကြောင်းကိုပင် မတုံ့ပြန်နိုင်သေး ယနေ့တွင်တော့ မင်္ဂလာဆောင် ဖိတ်စာကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူတို့တွေမှာ ဝေးလန်သည့်ဂြိုလ်အစွန်အဖျားတွင်ရောက်နေသည်ဖြစ်စေ မြို့တော်၏ အနီးမှာရောက်နေသည်ဖြစ်စေ သူတို့အားလုံးသည် လက်ဆောင်များကို အလျင်အမြန် ကောက်ယူကာ မြို့တော်၏ အကြီးဆုံးသော ဆိုင်းငံ့တောင်ကြီးပေါ်သို့ ပြေးတက်ကြရလေသည်။

ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ Gult ဟာ သူ့ရဲ့အကောင်းဆုံးသော စွမ်းအင်ဝိုင်ပုလင်းကို ရွေးချယ်ပြီး ဆိုင်းထိန်းကားထဲ တစ်ယောက်တည်း မောင်းနှင်ကာထွက်လာခဲ့ပါတယ်။

ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည့် ဧကရာဇ်မင်းသည်လည်း မင်္ဂလာပွဲသို့ ဖိတ်ကြားခြင်းခံခဲ့ရသည်။ သူက ဖိတ်စာထဲရေးထားသည့် နာမည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးထဲမှ အလင်းရောင်များ တဖျပ်ဖျပ် တောက်ပလာခဲ့သည််။ ဖိတ်စာတွင် ဗိုလ်ချုပ်၏အမည်ဘေး၌ အခြားသားရဲ၏အမည်ပါရှိသည်။ ထိုနာမည်သည် သာမာန်သာဖြစ်ပြီး သူအရင်က တစ်ခါမှပင် မကြားခဲ့ဖူးပါဘူး။ သို့သော်လည်း ဗိုလ်ချုပ်၏ အမျိုးမျိုးသော လုပ်ဆောင်ချက်တွေအပေါ် အခြေခံပြီးကြည့်ပါက ဤသားရဲသည် မာရှယ်၏ နှလုံးသားတွင် ထူးထူးခြားခြား အနေအထားတစ်ခုတွင် ရှိရမည်။

ဗိုလ်ချုပ်ကြီးကိုယ်တိုင်ကိုက အနှီအားနည်းချက်ကို ဧကရာဇ်မင်းသူ၏မျက်စိရှေ့မှောက်သို့ကိုယ်တိုင်ကိုယ်ကျ ပေးပို့ထားတာကြောင့် ၎င်းကို အသုံးမပြုခြင်းသည် ဖြုန်းတီးခြင်းသာဖြစ်သွားလိမ့်မည်။ သူ၏ စက်ရုပ်များကို အသုံးပြုဖို့က အဆင်ပြေလုံခြုံမှုရှိတော့မည် မဟုတ်သော်လည်း သူက ကြေးစားစစ်သားများအား လျှို့ဝှက်စွာ မွေးမြူစုဆောင်းဆဲဖြစ်သည်။ မာရှယ်ကို ထိန်းချုပ်ရန်အတွက် သူ၏အာဏာအများစုကို စုစည်းထားသရွေ့ သာမန်သားရဲတစ်ကောင်ကို ပြန်ပေးဆွဲဖို့က ခက်ခဲမည်တော့မဟုတ်ပေ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Dove le storie prendono vita. Scoprilo ora