Chapter - 23 [Uni]

7.2K 1.3K 59
                                    

- စိတ်မကောင်းပါဘူး၊ ဆိုင်ရှင်မအားသေးပါ။

Aojia ကစောင်ထုပ်ထဲရုန်းကန်နေတဲ့ကျားသစ်လေးကိုကြည့်လိုက်ပြီးသူ့လက်ထဲကချစ်စရာအနက်ရောင်နဂါးလေးကိုကစားကာပြောလိုက်တယ်။ " ကိုယ့်နာမည်ခေါ်ရင်ကိုယ်မင်းကိုပြန်ပေးမယ်။ "

“ …”

Rong Mingshi ကသူ့ခေါင်းကိုဆန့်ကာဒီလူကြီးကိုစူးစူးစိုက်စိုက်ကြည့်လိုက်တယ်။

Aojia ကကျားသစ်လေးခေါင်းကိုပွတ်လိုက်ပြီးထိုအကောင်ပေါက်လေးထက်နှစ်စကြီးတဲ့ပုံသဏ္ဍာန်ပြောင်းလိုက်တယ်။ သူကအနက်ရောင်နဂါးငယ်လေးကိုခြေသည်းတွေကြားကိုင်ထားခဲ့ပြီးအခြားတစ်ဖက်ကနှင်းကျားသစ်လေးကိုကိုင်ထားကာဒုတိယထပ်ကအိပ်ခန်းစီသို့ပျံသန်းသွားခဲ့တယ်။

ရုတ်တရက်ပြောင်းလဲမှုကြောင့်ကျားသစ်ငယ်လေးကလန့်ဖျန့်ကာခုန်ပြီးဖက်လိုက်မိတယ်နဂါးကြီးရဲ့လက်နဲ့.... နဂါးကြီးရဲ့နောက်ကျောကို! Aojia ရဲ့ယခုလက်ရှိအရွယ်အစားကကျားသစ်လက်တုတ်တုတ်လေးအတွက်နဂါးကြီးရဲ့ကျောနောက်ကိုရောက်အောင်ဖက်ဖို့လုံလောက်လေတယ်။

အနက်ရောင်နဂါးကလေထဲမှာပျံနေရင်အရှိန်လျော့ကာစိတ်ချရတဲ့ပုံစံနဲ့‌သူ့မေးစေ့နဲ့ကျားသစ်လေးရဲ့ခေါင်းကိုငုံ့ကာထိထားလိုက်တယ်။ သို့သော်လည်းဒါကကျားသစ်လေးအတွက်အသုံးမဝင်သည်မှာသိသာလေတယ်။ ကျားသစ်ပေါက်လေးကတော့သူ့ကိုပိုပြီးတင်း‌ကျပ်အောင်ခွပြီးတောင်ဖက်ထားလိုက်ပါသေးတယ်။

နဂါးကြီးနဲ့ကျားသစ်လေးတို့အိပ်ခန်းထဲကအိပ်ယာပေါ်ဘေးကင်းကင်းနဲ့ခြေချနိုင်တော့မှကျားသစ်လေးကသူ့ရဲ့ဖောင်းတုတ်တုတ်ခြေလက်လေးချောင်းမှနဂါးကြီးကိုကင်းလွတ်ခွင့်ပေးလိုက်တယ်။ ထို့နောက်သူကသူ့အရွယ်အစားနဲ့သိပ်မကွာတဲ့မကောင်းဆိုးဝါးနဂါးကြီးပေါ်ပြေးတက်သွားခဲ့တယ်။ သူ့ရဲ့အမွှေးပွခြေလက်လေးတွေနဲ့နဂါးနက်ရဲ့ကျောကိုဖိထားကာကြည်လင်တဲ့ကျားသစ်‌မျက်လုံးလေးတွေထဲဟန်ဆောင်အကြမ်းဖက်မှုတွေအမပြည့်နဲ့သူကနဂါးကြီးရဲ့အတောင်တွေကိုကိုက်ဟန်လုပ်လိုက်တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now