- ပြိုင်ဘက်
အရေးအကြီးဆုံးကတော့ကျောင်းသား Rong ရဲ့လက်ရာကကျောင်းအုပ်ကြီးရဲ့အဆင့်နဲ့ကွာခြားတာပါပဲ…
ကျောင်းအုပ် Stewart ကသူ့မျက်နှာအိုကြီးကိုပွတ်သပ်လိုက်ပြီးပွင့်နေတဲ့ပြပွဲခန်းမရဲ့တစ်ဖက်သို့လှည့်လိုက်သည်။ မာစတာ ၁၈ ဦးကသူတို့ကိုနားမလည်နိုင်သောနည်းဖြင့်ကြည့်နေကြသည်။ အတိအကျပြောရလျှင်တော့စက်လုံးပတ်ထိုင်ခုံပေါ်ရှိကျားသစ်ငယ်လေးကိုကြည့်နေကြတာဖြစ်သည်။
ကျောင်းအုပ် Stewart ပြုံးပြီးတစ်ဖက်သို့လှည့်ကာကြည့်လိုက်သည်။ "ဟေး အားလုံးပြီးသွားကြပြီလား"
မာစတာတစ်ဒါဇင်ကျော်ကနားမထောင်ပေ၊သူတို့ရဲ့မျက်လုံးများကကျောင်းသား Rong ထုထွင်းခဲ့တဲ့ရုပ်ထွင်းကိုသာအာရုံစိုက်ကြည့်နေကြသည်။ ကျောင်းအုပ် Stewart ကသူ့ခေါင်းကိုအနည်းငယ်လှည့်ကာကျောင်းသား Rong အားရုပ်ထွင်းကိုချထားလိုက်သင့်သည်ဟုဆိုလိုရင်းဖြင့်မျက်စပစ်ပြလိုက်သည်။ Rong Mingshi ကကျောင်းအုပ် Stewart က ဘာလုပ်ခိုင်းချင်သည်ကိုမသိသော်လည်းသူက ဖောင်းကစ်ကစ်လက်လေးတွေကိုမြှောက်ကာရုပ်ထွင်းအားထိုင်ခုံနေရာလွတ်ပေါ်တင်လိုက်သည်။
ဤလှုပ်ရှားမှုက Rong Mingshi ၏နေ့စဉ်ဘ၀တွင်ပုံမှန်ဖြစ်သော်လည်းသခင်များ၏အမြင်တွင်တော့ဒါကတကယ့်ကို... အသက်ရှုကြပ်သွားစေတယ်! မာစတာအုပ်စုကကျားသစ်လေးရဲ့ခြေလက်လေးတွေကိုအသေအချာစိုက်ကြည့်နေခဲ့ကြသည်။ ဤအကြည့်များက Rong Mingshi ခြေလက်များကိုခွဲစိတ်ခန်းတစ်ခုမှာခွဲခြမ်းစိပ်ဖြာပြီးကြည့်နေသလားလို့တောင်ထင်ရသည်။ သူကသူ့အမြီးကြမ်းလေးကိုတိတ်တဆိတ်လှုပ်ယမ်းကာအရှေ့ဘက်သို့ရွှေ့လိုက်ပြီးသူ့ခြေလက်လေးတွေကိုမမြင်နိုင်အောင်ဖုံးလိုက်ရတယ်။
ကျောင်းအုပ် Stewart ကရှေ့သို့ခြေတစ်လှမ်းတိုးကာသူတို့တစ်သိုက်အားစိုက်ကြည့်လိုက်သည်။ "ဘာတွေလာကြည့်နေကြတာလဲ? မင်းတို့ရဲ့လက်တွေကကျားသစ်ခြေလက်လေးတွေလောက်မကောင်းဘူးလို့ထင်လို့လား?"
"သားရဲပုံသဏ္ဍာန်ကကျောက်တုံးရဲ့စွမ်းအင်ကိုလှုံ့ဆော်ပေးတဲ့နေရာမှာပိုအစွမ်းထက်တာဖြစ်နိုင်လောက်တယ်။ "
![](https://img.wattpad.com/cover/278914448-288-k966014.jpg)
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.