Chapter - 9 [Uni]

8.1K 1.4K 12
                                    

- ကျားသစ်ပေါက်လေးရဲ့စွမ်းအင်ကျောက်တုံး

ပင်မစွမ်းအင်ကျောက်သတ္ထုတွင်းမှာ အသိဉာဏ်ရှိတဲ့သတ္ထုတူးဖော်စက်တွေနဲ့သတ္ထုကြောကတူးဖော်ထားတဲ့ကျောက်ရိုင်းတုံးတွေရှိတယ်။ အဲ့ဒီ့မှာစွမ်းအင်ကျောက်တုံးတွေကို စစ်ဆေးတဲ့စက်နဲ့ ကျောက်ဖြတ်စက်တွေကိုပွင့်လင်းမြင်သာစွာထားရှိထားတယ်။ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့အရွယ်အစားစုံလင်တဲ့စွမ်းအင်ကျောက်များစွာလည်းရှိတယ်။တချို့က၁၀မီတာကျော်ရှည်ကာ တချို့ကလက်သီးဆုပ်အရွယ်သာရှိပြီးထိုကျောက်တွေအကုန်လုံးကပရမ်းပတာပျံ့ကျဲနေကြတယ်။

ယေဘူယျအားဖြင့် စွမ်းအင်ကျောက်တုံးတွေကိုအလွယ်တကူသယ်ဆောင်သွားနိုင်တဲ့အရွယ်အစားကိုသာ ဖြတ်ကြတာဖြစ်တယ်။ တချို့လူသားရဲတွေသာ ပိုပြီးမြင့်မားတဲ့စွမ်းအင်ကျောက်တုံးရုပ်တုကြီးတွေလုပ်ပြီး ပိုလုံခြုံစိတ်ချရအောင်အိမ်မှာထားရှိကြတာဖြစ်တယ်။ စွမ်းအင်ကျောက်တုံးကြီးလေ ၎င်းတို့အားအခြားပစ္စည်းများနှင့်ရောနှောနေသည်ဟူသည့်အလားအလာပိုများလေဖြစ်သည်။ ဒါ့ကြောင့်အရည်အသွေးမြင့်ရုပ်ထုတွေကိုအလယ်အလတ်အဆင့်နှင့်အဆင့်နိမ့်စွမ်းအင်ကျောက်များဖြင့်သာပြုလုပ်နိုင်တာဖြစ်တယ်။

ဒါ့အပြင် Aojia ရဲ့သယံဇာတအဖွဲ့ကမဖြတ်ရသေးတဲ့အချို့ကျောက်ရိုင်းတုံးတွေကိုလောင်းကစားကျောက်ဈေးကွက်သို့လည်းတင်ပို့ရောင်းချသေးသည်။ လက်ရှိစက်ပစ္စည်းများနဲ့ကိရိယာတွေကစွမ်းအင်ကျောက်တုံးတွေကိုရှာဖွေရန်သာသုံးနိုင်ပြီး ကျောက်တုံးအတွင်းထဲမှစွမ်းအင်အဆင့်ကိုမဆုံးဖြတ်နိုင်ပေ။

ဒီကြမ်းတမ်းတဲ့သတ္ထုတွင်းထဲမှာလူမရှိဘူး။ ထိုနေရာမှလုပ်ငန်းစဥ်များစွာကိုအသိဥာဏ်ရှိတဲ့စက်ရုပ်တွေသာလုပ်ကိုင်နေတာဖြစ်တယ်။

Abelကစက်တွေအားလုံးကိုပိတ်လိုက်ပြီး ကျောက်အပုံတွေကိုဖြတ်ကာ ကြိုးနဲ့တွယ်စပ်ထားတဲ့ယာဉ်စီသို့ သူတို့ဗိုလ်ချုပ်ကြီးကိုလမ်းပြခဲ့တယ်။ Abel ကကြိုးတပ်ယာဉ်ကိုမောင်းနေတဲ့အချိန် ဆရာဝန်ကတော့ဖြတ်သွားတဲ့စွမ်းအင်ကျောက်တုံးတွေအကုန်လုံးကို စစ်ဆေးနေရတာကြောင့် အလုပ်အရှုပ်ဆုံးဖြစ်နေတော့တယ်။ အဲ့ဒါကြောင့်သူကသေးငယ်တဲ့စမ်းသပ်ကိရိယာကိုပဲအချိန်ပြည့်ကြည့်နေခဲ့ရတယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now