- Three-in-One
ဒါကလက်ထောက်ကျောင်းသားကအဆင့်နိမ့်စွမ်းအင်ကျောက်တုံးကိုကျားသစ်လေးရဲ့ခုံပေါ်သို့ပြင်းပြင်းထန်ထန်တင်လိုက်သည်အထိပါဘဲ Rong Mingshi ကနောက်ဆုံးတော့နိုးလာခဲ့ပြီဖြစ်တယ်။ ကျောင်းသားက Rong Mingshi ကိုလှောင်ပြောင်စွာကြည့်လိုက်သည်။ ထိုမြင်ကွင်းက Rong Mingshi အပေါ်သက်ရောက်မှုမရှိပေ။ သူကယခင်ဘဝ၌အမျိုးမျိုးသောအကြည့်များအားလုံးကိုမြင်ဖူးခဲ့နှင့်ပြီဖြစ်သည်။ သူကသူ့စားပွဲပေါ်မှကျောက်ခဲများနှင့်စားပွဲခုံကွမ်တမ်ကွန်ပျူတာပေါ်တွင်အဆက်မပြတ်လည်ပတ်နေသောတိရစ္ဆာန်ပုံသုံးမျိုးကိုစူးစမ်းလေ့လာလိုက်သည်။
အရောင်သုံးရောင်ရောစပ်ထားတဲ့ကျောက်တုံးဘဲဖြစ်တယ်။ ဧကရာဇ်ပင်ဂွင်း၊ ဖြူကောင်တစ်ကောင်နှင့်ကြိုးကြာတစ်ကောင်ရဲ့ပုံသုံးပုံဘဲဖြစ်တယ်။ Rong Mingshi ကအဖြူရောင်၊ အနက်ရောင်နှင့်လိမ္မော်ရောင်ရောစပ်ထားသောစွမ်းအင်ကျောက်တုံးကိုသူ့စက်ကိရိယာလက်သုံးကာကောက်ယူလိုက်တဲ့အခါသူ့မှာအားအင်တွေပြည့်လို့နေခဲ့တယ်။ ထိုအရောင်ရောစပ်မှုကဧကရာဇ်ပင်ဂွင်းအတွက်အသင့်တော်ဆုံးဖြစ်တယ်။
ဒီနေ့စာမေးပွဲကအရေးမကြီးတော့ပေ။ Rong Mingshi ရဲ့စိတ်ထဲ၌ထွင်းထုခြင်းတစ်ခုသာရှိတော့လေသည်။ ဧကရာဇ်ပင်ဂွင်း၏ကြော့ရှင်းပြီးယဉ်ကျေးသိမ်မွေ့တဲ့ကိုယ်ဟန်အနေအထား၊ လိမ္မော်ရောင်နားရွက်အမွေးများ၊ ကျောစည်းနှင့်ယက်လေးများ၊ လက်တိုခြေလက်များနှင့်အားကောင်းတဲ့ခြေဖဝါးများ။ ဧကရာဇ်ပင်ဂွင်းကထုထွင်းရာတွင်အသေးစိတ်ကျရန်လည်းလိုအပ်သည်။
ဧကရာဇ်ပင်ဂွင်းရဲ့ပုံသဏ္ဍာန်ကနဂါးနက်နှင့်သူအရင်ထုထွင်းခဲ့သောသားရဲသုံးကောင်ထက်များစွာပို၍ရိုးရှင်းသည်။ ဒါ့ကြောင့် Rong Minshi ကဧကရာဇ်ပင်ဂွင်းရဲ့ပင်ကိုယ်စရိုက်ကိုသာအာရုံစိုက်ခဲ့သည်။
လူတွေကဗိုက်ပူပူအကြောင်းကိုသာပြောကြပေမယ့် Rong Mingshi ရဲ့မျက်လုံးထဲမှာတော့ဧကရာဇ်ပင်ဂွင်းကဒီလိုကြော့မော့တဲ့ပုံစံကိုရခဲ့တယ်။ ထို့ပြင် Rong Mingshi ကဧကရာဇ်ပင်ဂွင်းရဲ့အဓိကကိုမြင်နိုင်ပြီးအသက်ကြီးပြီးဥာဏ်ပညာရှိကာတင့်တယ်တယ်လို့လဲခံစားမှုရခဲ့တယ်။
![](https://img.wattpad.com/cover/278914448-288-k966014.jpg)
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.