- အမေအားသွားခေါ်ထုတ်ခြင်း။
ဆိုင်းထိန်းကားထဲတွင် Calant ကယာဉ်မောင်းနေရာ၌ထိုင်နေခဲ့ပြီး Aojia ကတော့နောက်ထိုင်ခုံတွင် ကျားသစ်ငယ်လေးရဲ့လက်လေးတွေကို ဆုပ်ကိုင်ကာ တိတ်တဆိတ် ထိုင်လို့နေခဲ့သည်။ထို့နောက် Aojia က သူ့ရဲ့ ကွမ်တမ်ကွန်ပြူတာကိုဖွင့်ကာ မြို့စား Oran ရဲ့ဓာတ်ပုံနှစ်ပုံအား ကျားသစ်ငယ်လေးအား ပြသခဲ့သည်။
၎င်းက သူနှင့်လုံးဝနီးပါးတူညီသည့် နှင်းကျားသစ် အရွယ်ရောက်ပြီးသူဗားရှင်းပဲဖြစ်သည်။ ကျားသစ်လေးက ထိတ်လန့်သွားခဲ့ပြီး မသိစိတ်ကြောင့် သူ့ခေါင်းလေးအား ရှေ့တိုးကာကြည့်လိုက်မိခဲ့သည်။
သူကဒီကမ္ဘာမှာ မွေးဖွားလာခဲ့တယ်။ မြို့စားကြီးရဲ့ အသံကို မကြားဖူးသေးတဲ့အချိန်က သူ့မှာ မရေရာတဲ့ မှတ်ဥာဏ်တွေ ရှိလို့နေခဲ့တယ်။ ထိုအချိန်တွင် သူကမျက်လုံးတောင် မဖွင့်နိုင်သေးသော်လည်း နူးညံ့တဲ့ အထိအတွေ့တစ်ခုက သူ့ခေါင်းပေါ်သို့ ခဏတာ ကျရောက်လာခဲ့ဖူးသည်။ လက်က အေးစက်လို့နေခဲ့ပြီး အနည်းငယ်လည်း တုန်ရီလို့နေခဲ့တယ်...
ကျားသစ်ငယ်လေးက Aojia ဘက်သို့လှည့်ပြီးပြောလိုက်လေတယ်။ “ဒါက ကျွန်တော့်အမေပဲ”
သူကအရမ်းသေချာလို့နေခဲ့ပြီး တုံ့ဆိုင်းသည့်အမူအရာပင်မရှိပေ။
Aojia က ကျားသစ်ငယ်လေးရဲ့ဦးခေါင်းကို အနည်းငယ်လောက်ပိုအားထည့်ကာ ပွတ်သပ်လိုက်ပြီး ကျားသစ်ငယ်လေးအား အခြားတစ်ခုကို ပြသလိုက်သည်။ "ဒီဖိုင်ကို အိမ်ထိန်းရဲ့ဒေတာဘေ့စ်ကနေ Ruhr ကစာဝှက်ဖော်ပြီးယူခဲ့ရတာ။ "
စစ်တပ်ရဲ့ထောက်လှမ်းရေး Ruhr က အိမ်ထိန်း Baba ရဲ့ဒေတာထဲအမြဲငြိလို့နေခဲ့သော်လည်း သူကအိမ်ထိန်းရဲ့ဒေတာများကိုအစမှအဆုံးအထိရှင်းလင်းခဲ့သည်။ ထိုဖိုင်က အိမ်ထိန်း Baba ဒေတာရဲ့ နက်ရှိုင်းတဲ့နေရာတွင် အလွှာများစွာဖြင့်ကုဒ်ဝှက်ခံလို့ထားထားတာဖြစ်သည်။ အိမ်ထိန်းရဲ့ အမှိုက်ဒေတာတွေကို အကြိမ်ကြိမ်ရှင်းလင်းပြီးတဲ့နောက်မှပဲ Ruhr ကရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်။ အနှီဖိုင်မှာ အိမ်ထိန်း Baba တောင်မသိပဲသူ့ထဲအသိမ်းခံထားရတာဖြစ်ပါတယ်။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.