Chapter 87
အဆုံးမှာတော့ မီးကျားသစ်ငယ်လေးကို Rong Mingshi ဘေးက ခေါင်းအုံးပေါ်မှာ တင်လိုက်ပြီး Aojia က သူ့ကို ရေခဲနဂါးငယ်လေးနဲ့တူညီစွာ ပဝါလေးနဲ့ လွမ်းခြုံပေးထားလိုက်တယ်။
Rong Mingshi သည်သမ်းဝေလိုက်ရင်း ဟင်းချိုအိုးလေးထဲရှိ ရေခဲနဂါးငယ်လေး၏ ဟောက်သံကို နားထောင်ရင်း အိပ်ပျော်နေသော ကျားသစ်ကို ငေးစိုက်ကာကြည့်နေခဲ့သည်။ သူ အိပ်ယာပေါ် လှဲချလိုက်တယ်။ သို့ပေမယ့် သူအချိန်အတော်ကြာ အိပ်စက်ထားခဲ့တာကြောင့် အိပ်မပျော်တော့ဘူးလို့ ထင်ထားခဲ့တယ်။ ကျားသစ်လေးနှင့် နဂါးငယ်လေးတို့ရဲ့မိခင်အကြောင်း Aojia နှင့် စကားပြောစရာများစွာရှိသေးသည်။ သို့သော် ဘာကြောင့်မှန်း မသိ သူမျက်လုံးမဖွင့်နိုင်လောက်အောင် ငိုက်မြည်းနေခဲ့သည်။
ခေါင်းအုံးပေါ်ရှိ မီးကျားသစ်ငယ်လေးကို မသိစိတ်က ထိလိုက်မိပြီး အိပ်ပျော်သွားခဲ့သည်။
အိပ်ခန်းထဲတွင် အကြီးတစ်ယောက်နှင့် အသေးလေးနှစ်ကောင် အိပ်ပျော်နေကြပြီး အသီးသီးထံမှ ဟောက်သံလေးများ အမျိုးမျိုး ထွက်နေပါသည်။ Aojia ကုတင်ဆီသို့ လှမ်းလာခဲ့ပြီး သူ့ဘေဘီ(ရုံမင်ရှီ) ၏ ဆံပင်များကို ပွတ်သပ်ကာ နဖူးလေးကို ညင်သာစွာ နမ်းလိုက်ပြီးမှ သူ့၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရန် ကွမ်တမ်ကွန်ပြူတာကို ဖွင့်လိုက်သည်။
ဖော်ပြသည့် အချက်အလက်များကို ကြည့်ရင်း Aojia မျက်မှောင်မကြုတ်မိပဲမနေနိုင်ခဲ့ပေ။ ကုတင်ပေါ်တွင် လှဲလျောင်းနေသူသည် လုံလောက်သော အိပ်စက်ခြင်းရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ပိုဆိုးလာပုံရသည်။ သူ့အတွက် စွမ်းအင်ဝိုင်သောက်ရန် အရေးကြီးလိုအပ်နေသည်။
Aojia သည် စွမ်းအင်ဝိုင်ကို ဆက်လက်လေ့လာဖို့အတွက် အပြင်ထွက်ခါနီးတွင် ကုတင်ပေါ်ရှိလူသည် ရုတ်တရက် လှုပ်ရှားသွားပြီး နှင်းကျားသစ်ကြီးဖြစ်သွားခဲ့သည်။ ကြီးမားလေးလံသည့် အမွှေးပွကိုယ်ထည်ကြီးက ကုတင်ပေါ်တွင် လဲလျောင်းလို့နေပြီး ထူထဲသည့် လက်ဖဝါးကြီးများက ကုတင်တစ်ဝိုက်ကို လိုက်လံစမ်းလို့နေလေသည်။
BẠN ĐANG ĐỌC
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
Lãng mạnAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.