Chapter - 24 [Uni]

6.6K 1.1K 18
                                    

- အတူတူလား?

Rong Mingshi က Aojia ရဲ့နာမည်ကိုသင်ယူပြီးနောက်သူသိရှိသွားခဲ့တယ်။ သူ့အမြင်ပွင့်သွားသလိုပါဘဲ။ အင်ပါယာကသားရဲတွေရဲ့ဘာသာစကားကရုပ်တရက်ကြီးချောမောသွားခဲ့တယ်။ သူ့အသံကြိုးတွေကိုထိန်းပြီး စကားလုံးတွေကိုစာကြောင်းတွေအဖြစ်စုပြီးပြောနိုင်ဖို့ခက်ခဲနေဆဲပါပဲ။ သူ့ရဲ့သင်ယူနှုန်းကနှေးကောင်းနှေးနိုင်ပေမယ့်သူ့ဘာသာသူသင်ယူတတ်မြောက်ထားတဲ့စကားလုံးတွေများစွာရှိပါတယ်။

အချိန်ကြာမြင့်စွာသင်ယူခဲ့ပြီးနောက် Rong Mingshi ကအတော်လေးအိပ်ချင်လာခဲ့တယ်။ သူကမထိန်းနိုင်ဘဲသန်းဝေလိုက်ပြီးသူ့မျက်ခွံတွေကပိတ်ကျလာခဲ့တယ်။ သူ့အောက်ကနဂါးနက်ကြီးကသူ့ခြေထောက်လေးတွေကိုပွတ်သပ်ပေးခဲ့ပြီးသူ့ရဲ့ပွယောင်းယောင်းအမွှေးလေးတွေကိုပုတ်လိုက်တယ်။ " မင်းပင်ပန်းနေရင်သွားအိပ်လိုက်တော့လေ။ "

ကျားသစ်လေးကခေါင်းငြိတ်လိုက်ပြီး သူ့ခေါင်းလေးနဲ့နဂါးကြီးခန္ဓာကိုယ်ကိုတိုးဝေ့ကာနဂါးကြီးရဲ့လက်တစ်ဖက်ကိုဖက်လိုက်တယ်။ " Aojia အတူတူ "

အတူတူလား?

Aojia ကရယ်မောလိုက်တယ်။ “ ကောင်းပြီ။ ”

အနက်ရောင်နဂါးကြီးကအသာလေးဘေးကိုစောင်းကာကျားသစ်လေးကိုဘေးတိုက်သူ့ရင်ခွင်ထဲသို့ပွေ့ထည့်ထားခဲ့တယ်။ သူ့နဂါးအတောင်တွေကကျားသစ်လေးရဲ့နောက်ကျောကိုအသာရိုက်ခတ်သွားခဲ့တယ်။ " အိပ်တော့ ကိုယ်မင်းကိုညစာစားဖို့အချိန်ကျရင်နှိုးလိုက်မယ်။ "

ကျားသစ်လေးကပြုံးဖြဲဖြဲလုပ်ကာနွေးထွေးတဲ့နဂါးကြီးရဲ့လက်ဖဝါးကိုခေါင်းအုံးအဖြစ်သုံးကာသူ့မျက်လုံးလေးတွေကိုမှိတ်လိုက်တယ်။ မကြာခင်မှာဘဲ Aojia ကကျားသစ်လေးရဲ့တမူထူးခြားတဲ့ဟောက်သံလေးကိုကြားလိုက်ရတယ်။ ကျားသစ်လေး‌အိပ်ပျော်သွားတဲ့နှုန်းကနဂါးကြီးကိုစိတ်သက်သာရာရစေခဲ့တယ်။ ကျားသစ်လေးကပင်ပန်းနေသော်လည်းသင်ကြားမှုအပေါ်အရမ်းလေးနက်မှုရှိခဲ့တယ်။

Aojia ကသူ့ခေါင်းကိုညင်သာစွာနိမ့်ချလိုက်ပြီးသူ့ရဲ့နဂါးခေါင်းနဲ့ကျားသစ်လေးရဲ့ခေါင်းကိုထိထားခဲ့တယ်။ ‌နဂါးကြီးရဲ့နွေးထွေးတဲ့ထွက်သက်ဝင်သက်ကသူ့မျက်နှာချင်းဆိုင်ကကျားသစ်လေးရဲ့ခေါင်းပေါ်မှအမွှေးနုလေးတွေနဲ့နူးညံ့တဲ့ဆံပင်မွှေးလေးများအနည်းငယ်လှုပ်ရှားသွားစေခဲ့တယ်။ ယားယံသွားတဲ့ကျားသစ်ပေါက်လေးရဲ့မသိစိတ်ကနဂါးကြီးရဲ့လက်သည်းတွေအောက်ရွေ့လျားသွားခဲ့ပြီးပိုမိုတင်းကျပ်စွာဆုပ်ကိုင်ထားခဲ့တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now