Chapter - 30 [Uni]

6.4K 1.1K 38
                                    

- စတိုးဆိုင်ပိုင်ရှင်ကြီး

ထိုရုတ်တရက်စီရင်ချက်က‌မှင်သက်နေကြတဲ့ထရိန်နင်ပန်းပုသမားအုပ်စုကိုနိုးကြားသွားစေတယ်။

Rong Mingshi ကိုမေးခွန်းအများဆုံးမေးတဲ့ကျောင်းသားကလက်သီးကိုဆုပ်ကာ" ဆရာ၊ စွမ်းအင်ကျောက်တုံးတွေကိုထုထွင်းခြင်းရည်ရွယ်ချက်ကအတွင်းမှစွမ်းအားကိုနှိုးဖို့ပါဘဲ။ ဒီစွမ်းအင်ကျောက်ကအရမ်းတောက်ပပေမယ့်ဒါကိုအဆင်တန်ဆာအဖြစ်ဘဲသုံးနိုင်မှာ။ ဒီလိုတောက်ပတဲ့ဟာကိုဘယ်မှာသုံးရမှာလဲ? စံအိမ်ကျောက်ထွင်းပန်းရံဆရာတောင်လုပ်နိုင်တယ်။ အတန်းဖော် Rong ရဲ့စွမ်းအင်တိုင်းစက်မှာပြဿနာရှိနေတယ်လို့ကျွန်တော်သံသယရှိနေဆဲဘဲ။ ကျွန်တော်အဲဒါကိုအခြားတစ်ခုနဲ့စမ်းသပ်ဖို့ဆရာ့ကိုတောင်းဆိုပါတယ်။ "

ဒါဟာအိပ်မက်ကနေလန့်နိုးလာသလိုပါပဲ။ အင်ပါယာကသားရဲတို့ကစွမ်းအင်ကျောက်ကိုအသက်သွင်းရန်စိတ်စွမ်းအင်က်ိုမသုံးပါကထုထွင်းခြင်းလုပ်ငန်းကပိုမိုလွယ်ကူလိမ့်မည်ဆိုတာသိကြတယ်။ သာမာန်ဥယျာဉ်မှူး (သို့) စက်ရုပ်အိမ်ထိန်းတစ်ဦးသည်တောင်ထွင်းထုနိုင်သည်။ ထို့ကြောင့်စာသင်ခန်းအတွင်းနောက်ထပ်ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်။

" ဟုတ်တယ် ဆရာ၊ နှိုးထတဲ့စွမ်းအင်ကအဓိကပါ။ ဒီမဟုတ်တဲ့အသွင်အပြင်ကဘာမှကိုမဟုတ်ဘူး! "

" ဆရာ၊ ဒါကိုထပ်စမ်းကြည့်ပါဦး!"

" ၁၀၀% စွမ်းအင်နိုးထတယ်ဆိုတဲ့အကြောင်းမပြောနဲ့။ ဒါကအမှန်တကယ်တော့ 0 % ဘဲနိုးမှာဟုတ်တယ်မလား? "

သို့သော်လည်းပါမောက္ခ Phillier ကဒီသားရဲသဏ္ဍာန်ကျောင်းသားကိုသံသယမ၀င်ခဲ့ပါ။ သူကအကြီးတန်းပန်းပုဆရာတစ်ဦးအဖြစ်သို့အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီးအမြင်အာရုံအချို့ရှိခဲ့သည်။ သူကအသက် ၂၀ မှာဒီပညာမဲ့ကျောင်းသားတွေလိုမဟုတ်ခဲ့ပါဘူး။ ထိုအရာတွေကထွင်းထုလက်ရာမှစွမ်းအင်များလွမ်းမိုးခြင်းမှကာကွယ်ရန်အလို့ငှာ၊ စွမ်းအင်ကျောက်ရဲ့စွမ်းအားကိုကာရန်အထူးကိရိယာများကိုသာတပ်ဆင်ထားတာဖြစ်တယ်။ စွမ်းအင်ကျောက်တုံးမှပြည့်လျှံနေတဲ့စွမ်းအင်တွေကိုကျောင်းသားတွေမမြင်နိုင်ပါ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now