Chapter - 38 [Uni]

6K 1.1K 33
                                    

- နဂါးနက်ကြီးရဲ့ထည့်သွင်းစဉ်းစားမှုများ

အနက်ရောင်နဂါးကြီးကနူးညံ့တဲ့ကျားသစ်လေးကိုတင်းကျပ်စွာပွေ့ဖက်ထားခဲ့ပြီးကျားသစ်လေးရဲ့ထူထဲထဲလက်လေးများကိုပွတ်လိုက်တယ်။ လက်လေးဆက်မတုန်တော့မှအိပ်ပျော်နေတဲ့သားရဲပေါက်လေးကိုကုတင်ပေါ်တွင်တင်ကာစောင်ပါးလေးနှင့်လွှမ်းခြုံပေးလိုက်လေတယ်။

ထို့နောက်ထိုဗိုလ်ချုပ်ကြီးကကျားသစ်လေးထွင်းထားတဲ့ဒေါင်းကိုဂရုတစိုက်လက်လှမ်းလိုက်တယ်။

စွမ်းအင်ယိုဖိတ်မှုမရှိပေ။ ယခင်ကကျားသစ်လေးသူ့ပေးခဲ့တဲ့အနက်ရောင်နဂါးငယ် (သို့) အရွယ်ရောက်နဂါးနက်နဂါးလက်ရာများကစွမ်းအင်အချို့ယိုဖိတ်နေခဲ့တာ။ နေ့လည်ကပေးခဲ့တဲ့ဖြူပြာဥခွံထဲကနဂါးလေးကတော့မည်သည့်စွမ်းအင်မှယိုဖိတ်မှုမရှိခဲ့ပေ။ ထိုအချိန်တုံးကတော့ကျားသစ်ငယ်လေးကအနက်ရောင်နဂါးငယ်ကိုထွင်းထုရုံသာဖြစ်ပြီးစွမ်းအားကိုမနှိုးခဲ့တာလို့ထင်ခဲ့လေတာ။

သို့သော်လည်းသူ့လက်နဲ့အနက်ရောင်နဂါးကိုတို့ထိလိုက်မှသာစွမ်းအင်ကျောက်ရဲ့သက်ရောက်မှုဖြစ်တဲ့သက်သောင့်သက်သာခံစားမှုကိုရခဲ့တာဖြစ်တယ်။ ယခုတော့ထိုဒေါင်းရုပ်ထုပေါ့။

Aojia ကသူ့ကွမ်တမ်ကွန်ပျူတာကိုသုံးပြီး Star Network ပေါ်ကကျားသစ်လေးရောင်းထားတဲ့စွမ်းအင်ကျောက်နှစ်လုံးရဲ့ပုံများကိုရှာဖွေလေတယ်။ ပထမဆုံးကြယ်ဒင်္ဂါး ၁၀၀ နဂါးလီကြောင်ကစွမ်းအင်ယိုဖိတ်မှုရှိသည်။ ကြယ်ဒင်္ဂါး ၂၀၀၀၀၀ နဲ့ရောင်းလိုက်တဲ့ဒုတိယစိတ်ကြိုက်အမှာစာရွှေလင်းယုန်ကစွမ်းအင်ယိုဖိတ်မှုမရှိပေ။ စွမ်းအင်ယိုဖိတ်မှုမရှိတဲ့စွမ်းအင်ကျောက်အားလုံးကအပိုတစ်ခုခုစီပါရှိတာဖြစ်တယ်။

ဥပမာအားဖြင့်ဥဒေါင်းမှာတံတိုင်းမွှေးအကိုင်းရှိပြီး ရွှေလင်းယုန်မှာသူ့လက်သည်းအောက်ကထင်းရှူးအကိုင်းရှိတာဖြစ်တယ်။ အနက်ရောင်နဂါးငယ်ကတော့သဘာဝကျကျပဲသူထွက်လာတဲ့အပြာရောင်ဥခွံရှိလေတယ်။ Aojia ကပန်းပုဆရာတစ်ဦးမဟုတ်သော်လည်းစွမ်းအင်ကျောက်တုံးများစွာကိုမြင်ဖူးလေတယ်။ သားရဲပုံသဏ္ဍာန်နှင့်မသက်ဆိုင်တဲ့အရာတွေအပေါ်စိတ်စွမ်းအင်သုံးသည့်ထွင်းထုသူသည်လည်းမရှိပေ။ စွမ်းအင်ကျောက်တုံးရဲ့စွမ်းအာကသားရဲနောက်လိုက်ပြီးအသုံးချလို့ရရန်သာသားရဲသဏ္ဍာန်ထွင်းထုကြတာဖြစ်ပြီးနောက်ခံကိုထွင်းထုကာဖြုန်းတီးမှုမလုပ်ကြပေ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now