Chapter - 51 [Zawgyi]

2.8K 215 3
                                    

- ဒေါပွနေသည့်ငါးပူတင်းလေး

Rong Mingshi ကသူ့လက်မောင်းကိုဆွဲကာအပြင်သို့ထွက်လာခဲ့သည်။ " အဲ့ဒါကဥယျာဉ်ထဲမှာလေ ခင်ဗျားမတွေ့ဘူးလား? ခင်ဗျားမိုးပေါ်ကနေအတောင်ပံကြီးနဲ့ပျံပြီးအိမ်ပြန်လာခဲ့တာလား? "

Aojia ကသူ့လက်မောင်းကိုကိုင်ထားတဲ့‌ကောင်လေးရဲ့ခြေဗလာကိုငုံ့ကြည့်လိုက်တယ်။ သူကတစ်ဖက်လူရဲ့ခါးကိုပွေ့ကိုင်ကာနဂါးအတောင်ပံများကဖြန့်ထွက်လာပြီးသူ့ကိုတိုက်ရိုက်ချီမြှောက်လိုက်သည်။ လူတစ်ဦးနှင့်နဂါးအတောင်ပံများပါရှိတဲ့လူတစ်ယောက်တို့ကဥယျာဉ်အတွင်းရှိဧရာမစွမ်းအင်ကျောက်တုံးကြီးထားရာအရှေ့ဆီသို့ဆင်းသက်ကာကျောက်တုံးကြီးကို အတူတကွမော့ကြည့်လိုက်ကြသည်။

မီတာအနည်းငယ်မြင့်တဲ့ကျောက်တုံးကြီးကထိုနေရာတွင်အခိုင်အမာရပ်လို့နေ၏။ သို့သော်လည်းအခြေခံဖွဲ့စည်းပုံကိုဖော်ပြထားသည့်အကြမ်းထည်အကွက်များအပြင်၊ အသေးစိတ်ပြင်ဆင်ချက်များမရှိပေ။  မနေ့ညကကျားသစ်လေးရပ်ထားခဲ့သည့်အတိုင်းတထေရာတည်းသာရှိလို့နေသည်။

Rong Mingshi ကစစ်တပ်ရဲ့နောက်ဆုံးပေါ် ဖုံးကွယ်သည့်နည်းပညာအကြောင်းဘာမှမသိတာကြောင့်ကြက်သေသေသွားခဲ့သည်။

သူ့ရဲ့ကြီးမားလှတဲ့သံချပ်ကာကြီး၊ နဂါးကြီး.. Aojia ကြီးရောဘယ်ရောက်သွားကြတာလဲ?

သူ့ရှေ့ကကျောက်တုံးကမနေ့ညကသူထွင်းထားတဲ့စွမ်းအင်ကျောက်တုံးနဲ့အတိအကျတူပေမယ့်ကျားသစ်လေးကမတူဘူးလို့ခံစားရလေတယ်။ သူ့ရှေ့ကတစ်ခုကသူ့လက်ရာတွေရဲ့ရင်းနှီးတဲ့ခံစားချက်ကိုမပေးဘူး။  ဒါဆိုဒါက… အတုကြီးတစ်ခုပဲ!

ကျားသစ်လေးက Aojia ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး Aojia ကိုပြန်လှည့်ကြည့်ကာ "Aojia တစ်ယောက်ယောက်ကကျွန်တော့်လက်ရာကိုခိုးသွားပြီ!"


သူထွင်းထားတဲ့အခြားအရာတွေကိုကြယ်အကြွေစေ့ 100 မှကြယ်ဒင်္ဂါးနှစ်သန်းအထိရောင်းချခဲ့ပါတယ်။ မည်မျှဈေးကြီးသည်ဖြစ်စေ၊ဈေးသက်သက်သာသာဖြင့်ရောင်းချခဲ့သည်ဖြစ်စေဘာမှသိပ်မခံစားရသော်လည်းနဂါးနက်ကြီးနှင့်အနက်ရောင်နဂါးလေးတွေကတော့ကွဲပြားသည်လေ! နာရီပေါင်းများစွာထုထွင်းခဲ့ရပြီးခိုးယူခံခဲ့ရသည့်ဧရာမနဂါးနက်ကြီးအကြောင်းသူတွေးတောမိသည်နှင့်ကျားသစ်လေးမှတကယ့်ကိုဘဝပြောင်းသွားသည်က ... ဒေါပွနေသည့်ငါးပူတင်းလေးပင်!

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now