- အိမ်မွေးတိရစ္ဆာန်လည်ပတ်?!
အင်ပါယာမြို့တော်မှာ Aojia ရဲ့စံအိမ်ငယ်တစ်ခုရှိတယ်။ ၎င်းကသမိုင်းဝင်ထိန်သိမ်းခံမြေပေါ်တွင်တည်ရှိပြီးအရမ်းလည်းမကြီးပေ။ သူကစစ်တပ်ထဲမှာဘဲသူ့အချိန်အများစုကုန်ဆုံးခဲ့တာကြောင့် ဒါက Aojia ရဲ့တစ်ခုတည်းသောစံအိမ်ပဲဖြစ်တယ်။ သူ့မှာပြန်လာပြီးနေထိုင်ဖို့အချိန်မရှိသလောက်ရှားသော်လည်း၎င်းကိုထိန်းသိမ်းစောင့်ရှောက်ဖို့အိမ်ထိန်းစက်ရုပ်တစ်ခုထားရှိခဲ့ပြီးသူကမည်သည့်အချိန်မဆိုလာရောက်နေထိုင်နိုင်တယ်။ ၎င်းကတောင်များ၊ မြစ်များနှင့်စိမ်းလန်းသောမြက်ခင်းများဖြင့်အလွန်လှပသောအိမ်ကြီးဖြစ်တယ်။ ဒါကဒီလောက်ပါဘဲ ...
ကားပေါ်မှဆင်းပြီးနောက် Rong Mingshi ကတောင်ထိပ်ပေါ်တွင်တည်ဆောက်ထားတဲ့အိမ်ကိုငေးကြည့်ရင်းသူ့စိတ်ထဲတွင်စကားတစ်ခွန်းထွက်ပေါ်လာတယ်။ ပေတစ်ရာလောက်မြင့်တဲ့အန္တရာယ်များတဲ့အဆောက်အဦးကြီး....
ဒီလိုအခြေအနေမှာကားကိုအိမ်ထိတိုက်ရိုက်မမောင်းဘဲဘာလို့ဆင်းလာရတာလဲ? Aojia ကသူ့ကိုချီထားရင်း ရုတ်တရက်အနက်ရောင်နဂါးကြီးအဖြစ်ပြောင်းသွားတဲ့အခါကျားသစ်လေးကစဥ်းစားသွားတယ်။ နဂါးခြေသည်းကြီးများကအလွန်သေးငယ်ပုံရတဲ့သားရဲလေးကိုဝန်းရံထားတယ်။ Aojia ကသူ့အတောင်ပံများကိုခတ်ကာမြင့်မားတဲ့တောင်ထိပ်ကိုကျော်ပြီး တောင်ထိပ်ကစံအိမ်ကြီးရဲ့လှေကားမှာဆင်းသက်လိုက်တယ်။
ဆင်းသက်လိုက်သည့်အခိုက်အတန့်မှာနဂါးနက်ကြီးကချက်ချင်းပင်အရွယ်ရောက်လူအဖြစ်ပြောင်းလဲသွားခဲ့တယ်။ ခြေတံရှည်များနှင့်ဧည့်ခန်းထဲသို့လမ်းလျှောက်လာတဲ့အခါစက်ရုပ်အိမ်ထိန်းကသူ့ကိုနှုတ်ဆက်ခဲ့တယ်။
ကျားသစ်ငယ်လေး “…”
ဒါကအမဲလိုက်ရာကပြန်လာတဲ့သွေးစုပ်ဖုတ်ကောင်ကြီးကချက်ချင်းတခြားပုံစံပြောင်းသွားသလိုနဲ့တူတယ်လို့ကျာသစ်လေးကတွေးလိုက်တယ်။
အနက်ရောင်နဂါးကြီးကလမ်းလျှောက်လာပြီးအမိန့်ပေးလိုက်တယ်။ “ စိတ်ကြိုက်ပြင်နိုင်တဲ့ကွမ်တမ်ကွန်ပျူတာငါ့ဆီကိုယူလာခဲ့ပေးပါ "
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.