Chapter - 12 [Uni]

8.8K 1.4K 21
                                    

- နဂါးနက်ကြီးရဲ့အစီအစဉ်

နှောင့်ယှက်ခံနေရတဲ့ကျားသစ်လေးကသူ့ကိုယ်သူ Aojia ရဲ့ရင်ခွင်ထဲသို့တိုးဝင်လိုက်တယ်။ သူကခြေထောက်ဖောင်းဖောင်းလေးနဲ့ခေါင်းကိုဖုံးကိုဖုံးလိုက်ပြီးယားယံနေတဲ့သူ့နားရွက်လေးကိုကာကွယ်လိုက်တယ်။ ကျားသစ်လေးနှစ်နှစ်ခြိုက်အိပ်ပျော်နေတာကိုကြည့်နေရင်းနဲ့မှ Aojia သည်လည်းကူးစက်ခံလိုက်ရသလိုအိပ်ချင်လာတော့တယ်။ သူကကျားသစ်လေးထွင်းထုထားတဲ့ကျောက်တုံးကို ကောက်ကိုင်လိုက်ပြီးကျားသစ်လေးကိုချီမကာသူ့အိပ်ခန်းထဲသို့တည့်တည့်မတ်မတ်လျှောက်သွားခဲ့တယ်။

Aojia ကကျားသစ်လေးကိုခေါင်းအုံးပေါ်တင်လိုက်ပြီးအပေါ်ထပ်ကုတ်အကျီကိုစိမ်ပြေနပြေချွတ်လိုက်တယ်။ သူကအိပ်ယာပေါ်မှာလှဲလိုက်ပြီးကျားသစ်လေးနားသို့လှိမ့်သွားလိုက်ကာအမွှေးပွအလုံးလေးကိုရင်ခွင်ထဲထည့်လိုက်တယ်။ ဒီလိုနွေးထွေးမှုနဲ့ပျော့ပြောင်းမှုတွေကြောင့်သူတို့အရင်ကတည်းကအချင်းချင်းသိခဲ့ကြသလိုမျိုးခံစားခဲ့ရတယ်။ အရွယ်ရောက်ပြီးသားနဂါးနက်ကြီးဟာဆိုရင်ဖြင့်သူ့လက်ကိုဆန့်လိုက်ပြီး ကျားသစ်လေးရဲ့အမြီးထူထူလေးနဲ့အမွှေးပွနားလုံးလုံးလေးတွေကိုကိုင်နေခဲ့ပါတော့တယ်။

ကျားသစ်လေးကအနှောင့်အယက်ကိုသည့်မခံနိုင်တော့တာကြောင့်ခေါင်းကိုကာလိုက်တယ်။ သို့မှသာအနက်ရောင်နဂါးကြီးကသူ့လက်ကိုလွှတ်လိုက်ပြီးကျားသစ်လေးကိုသူ့အနားဆွဲကပ်ထားလိုက်တယ်။ သူတို့ကခဏလောက်ညင်ညင်သာသာပွေ့ဖက်ထားခဲ့ကြတယ်။ ထို့နောက်မှာတော့ Aojiaကသူ့လက်ကိုမြှောက်ပြီးကွမ်တမ်ကွန်ပျူတာရဲ့ထိန်းချုပ်စနစ်ကိုဖွင့်လိုက်ကာအခန်းတွင်းအလင်းရောင်ကိုအိပ်ချိန်အတွက်အသင့်တော်ဆုံးကိုချိန်ညှိလိုက်တယ်။ သူကကျားသစ်လေးရဲ့ခြေထောက်ဖောင်းဖောင်လေး‌တွေကိုပြန်ရွေ့ပေးလိုက်ပြီးမျက်လုံးတွေကိုမှိတ်လိုက်တော့တယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ကျားသစ်လေးကသူ့နားတွေဆတ်ခနဲလှုပ်ရှားသွားပြီး သူ့ဘေးကပုံမှန်နှလုံးခုန်သံနဲ့အသက်ရှုသံပြင်းပြင်းကိုကြားလိုက်ရတဲ့အခါသူကအရမ်းကိုလုံခြုံပြီးသက်တောင့်သက်သာရှိတယ်လို့ခံစားခဲ့ရတယ်။ သူ့ရဲ့မသိစိတ်ကအရှေ့ကိုတိုးသွားခဲ့ပြီးပိုပြီးတော့တောင်အိပ်ပျော်သွားတော့တယ်။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅حيث تعيش القصص. اكتشف الآن