EP- 1

4.7K 192 4
                                    

Unicode

မနက်ခင်း နေခြည်နုနုလေးဖြာကျနေကာ သစ်ပင် ပန်းမန် တွေနဲ့ သာယာနေတဲ့ အိမ်လေးတအိမ်။ ထို အိမ်လေးက အပေါ်ယံကြည့်ရင်တော့ သာမာန် လူတန်းစားတွေနေတဲ့ ရိုးရိုး အိမ်လေးတအိမ်ပါဘဲ သို့ပေမဲ့ အများနဲ့ မတူတာတခုက သာယာနွေးထွေးမှုတွေ နဲ့ ပြည့်နှက်နေတာပါဘဲ။

၀မ်စုချင်း တယောက် မနက်စာ ချက်ပြုတ်နေစဉ် နောက်ကနေသိုင်းဖက်လာတဲ့ လက် ဖွေးဖွေးလေးတစုံ​‌ကြောင့် ပြုံးမိသွားကာ ထို လက်ဖြူဖွေး ဖောင်းအိနေတဲ့ လက်ပေါ်ကို ထပ်ကိုင်လိုက်ရင်း~

" မားကလာတောင်မနိူးရသေးဘူး မားသားလေး က နိူးတောင်နေပြီ လိမ္မာလိုက်တာ"

" ဟိ ဟိ လိမ္မာတယ်ဆိုရင် အာဘွားပေး အင့်"

အနောက်ကနေသိုင်းဖက်ထားရင်း သူ့ပါး‌ဖောင်းဖောင်းလေးကို အတင်းထိုးပေးနေတဲ့ သားငယ်ကြောင့် စုချင်း ဂတ်စ်မီးဖိုလေးကို ပိတ်လိုက်ကာ ခါးကလက်ကို အသာဆွဲဖယ်လိုက်၍ သားဖက်ကို လှည့်လိုက်ကာ ထိုးပေးနေတဲ့ ပါးနုအိအိလေး ၂ဖက်တွေ မွှေးကြူလိုက်တယ်။

'မွ' 'မွ'

"ဟီးးး"

လိုချင်တာရသွားတော့ အလှဆုံးပြုံးပြနေတဲ့ ကလေးငယ်လေး။

" ကဲ ဆီပူစင်မယ် စားပွဲမှာ သွားထိုင်စောင့်နေနော် သား မားယူခဲ့ပေးမယ်နော်"

"ဟုတ်မားမား "

'မွ'

သူ့ပါးကို အနမ်းပေးကာ သွားလိုက်တဲ့ သားငယ်လေး ကြောင့် သူလုပ်ရာရှိတာ အမြန်လုပ်လိုက်ပြီး ပြင်ထားတဲ့ မနက်စာယူကာ သားငယ်လေး ရှိရာကိုလာလိုက်သည်။

" ရော့ သား"

"ဟာာာ သားသား ကြိုက်တာတွေ"

သားလေးကပြောလာတော့ သူပြုံးမိသည်။

တကယ်လဲ နွားနို့ ကြက်ဉကြော် လေး နဲ့ ပေါင်မုန့် မီးကင်ဆို ကြိုက်လွန်းတဲ့ ကလေး။ နေ့တိုင်းစားနေရလဲ ဘယ်တော့မှမရိုးသွားတတ်ဘူးထင်ပါရဲ့ ။ အဲ့ဒါကြောင့်လဲ သူ့ အသားလေးတွေက ဖွေးဖွေး လေးနဲ့ ဖောင်းအိအိလေးဖြစ်နေတာဖြစ်မယ်။

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang