EP- 61

1.2K 72 9
                                    


Unicode

"ဆိုးလိုက်တာ ကိုကိုက ဆိုးလိုက်တာဗျာ"


ရိပေါ်  ကိုကို့လက်ဖဝါးထဲ သူ့မျက်နှာလေးအပ်ကာ သတိမဲ့စွာလဲလျောင်းနေတဲ့ ကိုကို့ မျက်နှာလေးကို ငေးကြည့်ရင်း ရေရွတ်နေမိသည်။

"ကိုကို က ဆိုးလိုက်တာဗျာ"

ရှောင်ကျန့် နားထဲတစွန်းတစဝင်လာတဲ့ ကလေးငယ်ရဲ့ အသံလေးကြောင့် မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းရင်း မျက်စိကို ဖွင့်ကြည့်လိုက်ပြီး ဝေ့ကြည့်မိတော့ သူ့ကိုငေးကြည့်နေတဲ့ ကလေးငယ်နဲ့ မျက်ဝန်းနီနီ နဲ့ အကြည့်ချင်းဆုံတယ်။

ကလေးငယ်ရဲ့ မို့အစ်နီရဲနေတဲ့ မျက်ဝန်းအစုံက အရာအားလုံးကို သိသွားခဲ့ပြီဆိုတာညွှန်ပြနေလေရဲ့။

"သ.. သတိရပြီလား ခ ..ခနနော် မား... မား ပါး ကိုကို သသတိရပြီ"

အထစ်ထစ် အငေါ့ငေါ့နဲ့ သူသတိရလာကြောင်း မားတို့ကို လှမ်းပြောနေတဲ့ ကလေးငယ် ။ ထိုအခါမှ ဆိုဖာပေါ်က မားတို့ကလဲ သူရှိရာကို အပြေးလာကာ~

"သား သက်သာရဲ့လား ဘယ်လိုနေသေးလဲ"

"သား သက်သာရဲ့လား"

သူ့ဘေးနားလာဝင်ထိုင်ကာ သူ့ကိုစိုးရိမ်တကြီးနဲ့ မေးလာခဲ့တဲ့ မားနဲ့ပါး အပြင် သူ့ကို စိုးရိမ်တကြီးကြည့်နေသည့် ယွီပင်းတို့ အုပ်စု။

ရှောင်ကျန့် ထထိုင်ရန်ပြင်လိုက်ဝောာ့ သူ့ကို လာကူရန်ပြင်နေတဲ့ ကျိုးချန်နဲ့ ယွီပင်းကြောင့် သူလက်ကာပြလိုက်ကာ~

"နေ နေ ရတယ် ငါ့ငါလုပ်နိုင်တယ်"

ပြောရင်း သူကြိုးစားထထိုင်လိုက်သည်။

ရှောင်ကျန့် သူ့ဘေးက မားနဲ့ ပါးရဲ့လက်ကို ဆွဲကိုင်ပြီး~

"သားတောင်းပန်ပါတယ်နော်"

"...."

"မားတို့ ပါးတို့ကို အမြဲ စိတ်မချမ်းမြေ့စရာတွေဘဲ ပေးမိလို့ သားတောင်းပန်ပါတယ်"

"မ မဟုတ်တာ သားရယ် မားသားလေးကြောင့် မားဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရလဲ မားသားလေးကြောင့် မားတို့ ဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရတယ်မှတ်လဲ"

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang