EP- 22

1.5K 123 12
                                    


Unicode

ရှောင်ကျန့် ရဲ့ မှိတ်ချထားတဲ့ အမြင်အာရုံထဲမှာ ၀င် လာခဲ့တဲ့  ပန်းနုရောင် နှင်းဆီဖူးလေးနဲ့အတူ သူမြတ်နိူးရတဲ့ ကလေးငယ်ရဲ့ မျက်နှာနုနုလေး ကြောင့် သူ့အသိစိတ် ကို ပြန်ခေါ်နိုင်ခဲ့သည်။ ရှောင်ကျန့်  မျက်လုံးကို အမြန်ဖွင့်လိုက်တော့ အနီးဆုံးရှိနေတဲ့ ဝူမိန်းကလေးရဲ့ မျက်နှာနဲ့ ထိကပ်ရန် လက်မအချို့သာလိုတော့သည်။

ဝူမိန်းကလေး သတိလက်လွတ်နေတုန်း ဝူမိန်းကလေး လက်ထဲက သူ့ဖုန်းကို အမြန် ပြန်လုယူကာ ရှေ့က ဝူမိန်းကလေးကို ဆောင့်တွန်းလိုက်တော့ အောက် ကြမ်းပြင်ပေါ် လဲကျသွားတဲ့ ဝူမိန်းကလေးက ဒေါသနဲ့ ကြည့်လာလေသည်။

"ရှောင်ကျန့်"

ဝူ မိန်းကလေးရဲ့ အော်သံကို ဂရုမစိုက်ဘဲ လိုအင်ကို တားဆီးနိုင်တုန်း ထိုနေရာမှ အမြန်ထွက်ခွာ ရန်ပြင်လိုက်ပေမဲ့ ဝူမိန်းကလေးက ကုန်းရုန်းထကာ သူ့ကို ပြန်ဆွဲပြီး ထပ်မံ ပွေ့ဖက် နမ်းရှိုက်ရန်ကြိုးစားလာတဲ့ ဝူမိန်းကလေး ။

သူနဲ့ ဝူမိန်းကလေး ရုန်းကန် တွန်းထိုးနေကြစဉ် ရုတ်တရက်  ဝူမိန်းကလေးကို အနောက်ကနေ ချုပ်လာတဲ့ လက်တစုံကြောင့်သူကြည့်လိုက်တော့ သူနဲ့ ဘယ်တော့မှ အကြောမတည့်ခဲ့တဲ့ ဝူရိဖန်။

   ****

ရိဖန် သူ့သူငယ်ချင်းတွေနဲ့  စကားလှည့်ပြောလိုက်တဲ့ ခန ။ သူကျဲတို့ ဝိုင်းကို ပြန်ကြည့်တော့ ရှိမနေတော့တဲ့ ကျဲနဲ့ ရှောင်ကျန့်ကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင်သူ ကျဲတို့ကို ရှာရန် ထွက်လာလိုက်တယ်။

သူရှာနေရင်းမှာ လူရှင်းတဲ့  တနေရာကနေ ထွက်ပေါ်လာတဲ့ ရှောင်ကျန့်ကို ခေါ်သံနဲ့အတူ သူအမြန်သွားကြည့်လိုက်တော့ ရုန်းကန် တွန်းထိုးနေကြတဲ့ ကျဲနဲ့ ရှောင်ကျန့်။ သူအမြန်ပြေးသွားကာ ရှောင်ကျန့်တွယ်ကပ်ရန် ကြိုးစားနေတဲ့ ကျဲကို သူအမြန်ပြေးချုပ်ထားလိုက်တော့ သူ့ကို လှည့်ကြည့်လာကာ အော်ဟစ်လာတဲ့ ခြူးဟွားကျဲ။

" လွှတ်စမ်း ငါ့ကို လွှတ်စမ်း"

"ရှောင်ကျန့် ရလား "

Born To Love You 💞Donde viven las historias. Descúbrelo ahora