Unicode၀မ်ဟန် အတွင်းရေးမှူးမုန့်ပို့လာတဲ့ အချက်အလက်တွေ နဲ့ ဓါတ်ပုံတွေကို ကြည့်နေစဉ် ~
'ဒေါက် ဒေါက်'
" ၀င်ခဲ့"
" ပါးသားကို ခေါ်တယ်ဆို"
" အင်းလာထိုင်"
သူပြောတော့ သူ့ရှေ့မှာ ဝင်ထိုင်လိုက်တဲ့ သူ့ရဲ့ မွေးစားသား ၀မ်ဖန်ရှင်း။
"ဖန်ရှင်း"
"ဗျာ"
" ပါးက တခုတောင်းဆိုချင်လို့ ရမလား"
ဝမ်ဟန် သားဖြစ်သူမျက်နှာကို အလေးနက်ဆုံးကြည့်ပြီးပြောလိုက်မိတယ်။
" ပြောစရာလူတွေလားပါးရာ"
" ဒီကိစ္စက သားအတွက်.... "
ဝမ်ဟန် ဆက်ပြောသင့် မပြောသင့် ချီတုံချတုံဖြစ်နေတုန်းမှာ ထိုင်ခုံပေါ်ထိုင်နေရာက သူ့ရှေ့ ဒူးတဖက်ထောက်ထိုင်ချကာ သူ့လက်ကို လာရောက်ဆုပ်ကိုင်လာတဲ့ သား ဖန်ရှင်း။
" ကျတော့အသက်ကို ကယ်ခဲ့တာပါးပါ... ကျတော့ဘ၀ကို ပေးခဲ့တာ ပါး ပါ... ပါးအတွက်ဆို ဘယ်လို ကိစ္စမျိုးကို ဖြစ်ဖြစ် ကျတော် လုပ်ဖို့အသင့်မို့ ဘာကိုမှတွေဝေမနေဘဲ ပါးဖြစ်စေချင်တာ ကျတော့ကိုပြောနိုင်ပါတယ် "
ဝမ်ဟန် သူ့လက်ကို ဆုပ်ကိုင်ကာ ပြောနေတဲ့ သားကို ပီတိဖြာဝေတဲ့ အကြည့်ဖြင့် ကြည့်နေမိသည်။
ဒီကလေးက သူ သားဖြစ်သူကို စွန့်လွှတ်ပြီး ဒီကိုရောက်စဉ် အမှတ်မထင်တွေ့ခဲ့တဲ့ ကလေးငယ်တယောက်။ အိမ်ခြေမဲ့ တယောက် အနေနဲ့ သွားလာနေခဲ့တဲ့ ဒီကလေးကို လမ်းဘေးလူမိုက်တွေရဲ့ လက်ထဲက သူကယ်တင်ပေးခဲ့တာပင်။
နောက်တော့ ဒီကလေးက သူနဲ့ လူမျိုးတူ ဖြစ်နေတဲ့ အပြင် ဒီလိုရေခြားမြေခြားမှာ ဒုက္ခပင်လယ်ဝေနေတဲ့ ဒီကလေးကို သူ ဆုံးရှုံးခဲ့ရတဲ့ သားရဲ့ နေရာမှာ အစားထိုးရန် မွေးစားဖို့ သူဆုံးဖြတ်ခဲ့တယ်။ အဲ့ချိန်က သူ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ဆိုရမည် ဒီကလေးက သိပ်ကိုကျေးဇူးသိတတ်တဲ့ ကလေး။ သူအတွက်ဆို အသက်ကိုတောင်စွန့်ဖို့ဝန်မလေး ကလေးတယောက် ။ ဒီကလေးကြောင့်လဲ သူ သားကိုလွမ်းတဲ့စိတ်အနည်းငယ် သက်သာရာရ ရတာပင်။ နောက်တော့မှ သူပိုသိလာခဲ့ရတာက ဒီကလေးက ကျေးဇူးသိပ်သိတတ်သလို အမှတ်သညာလဲသိပ်ကြီးတဲ့ လူမျိုး ။ မိဘရင်းတွေရဲ့ ရောင်းစားမှုကြောင့် အခုလိုတိုင်းတပါးမှာ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ ဒီကလေးက သူ့မွေးရပ်မြေဖြစ်တဲ့ တရုတ်ပြည်ကို သိပ်မုန်းပါသတဲ့လေ။

KAMU SEDANG MEMBACA
Born To Love You 💞
Fiksi Penggemarနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...