Unicode
လူခေါ် bell သံကြားလို့ ထွက်လာကြည့်တော့ ရှောင်ကျန့်။
ဒီကလေး မျက်နှာတော်တော်မကောင်းနေတာမို့ တခုခုများဖြစ်လာလားလို့ စုချင်း တွေးလိုက်မိတယ်။သူမ မွေးနေ့ နောက်ပိုင်း ကစလို့ နေ့တိုင်းလိုလို သားငယ်လေးဆီ လာလာတတ်တာမို့ ခုဆို စုချင်း ဒီကလေးနဲ့ အတော်ပင်ခင်နေပြီ။ ထို့ကြောင့် ဒီကလေးရဲ့ မျက်နှာရိပ် မျက်နှာကဲကို သူမ ဖတ်တတ်သင့်သလောက်ဖတ်တတ်နေပြီ။
"ဟောာ ရှောင်ကျန့် လာ ၀င်၀င် မောင်း၀င်သွားလိုက် "
"ဟုတ် ကျေးဇူး အန်တီ"
သူ ခြံတံခါးဖွင့်ပေးတော့ ရှောင်ကျန့်က ကားပေါ်ပြန်တက်ကာ ခြံထဲ ကားမောင်း၀င်လေသွားသည်။
စုချင်း ခြံတံခါး ပြန်ပိတ်ပြီး ကားနားက သူ့ကိုရပ်စောင့်နေတဲ့ ရှောင်ကျန့်ဆီ သွားလိုက်တော့ ~
" အန်တီ က ကလေးလေး ပြန်ရောက်ပြီမလားဟင် "
ဒီနေ့မှ ဒီကလေးလဲ မျက်နှာတော်တော်မကောင်းနေသလို အိမ်ကသားငယ်လေးကလဲ ညစာတောင်ဆင်းမစားဘဲ တခုခုကိုကောက်နေပုံမို့ ဒီကလေး၂ယောက် စိတ်ကောက်နေကြတယ် ဆိုတာ စုချင်း အတပ်သိလိုက်ပြီ။
" အင်း ရောက်ပြီသား "
"သူ ဘယ်လို ပြန်..."
မေးရခက်နေတဲ့ ပုံနဲ့ မေးနေတဲ့ ရှောင်ကျန့်ကြောင့် ရှောင်ကျန့် ဘာကိုမေးချင်တာ မှန်း သူမ သိသည်မို့ စကားမဆုံးခင် ဖြတ်ဖြေလိုက်သည်။
" ရိဖန် ဆိုတဲ့ ကလေး လာပို့တာ သားရဲ့ "
"ဟို ဒီ ဒီနေ့ ကျတော် ကလေးကို ....."
မျက်နှာငယ်လေးနဲ့ စကားဆက်လာတဲ့ ရှောင်ကျန့်က သားလေးကို သွားမကြိုနိုင်လို့ အားနာနေပုံပင်။
စုချင်း ရှောင်ကျန့်ဘာပြောချင်မှန်းသိနေသဖြင့် စကားဖြတ်ပြောလိုက်မိပြန်သည်။
" ရပါတယ် သားရယ် သားလဲ အလုပ်တဖက်နဲ့ ဆိုတော့ တခါတလေတော့ ဖြစ်တတ်ပါတယ်"
"ကျတော်တောင်းပန်ပါတယ်"
Groupတခုလုံးကို ဦးစီးနေရတာတောင် ဒီကလေးက သူ့သားလေးအပေါ် ဘာပျက်ကွက်မှုမှ မရှိဘဲ သားအလိုကျ အစစ အရာရာဖြည့်စည်းပေးတတ်တာမို့ သူမ ရှောင်ကျန့်ကို နေရမခက်စေချင်သလို အားနာစိတ်လဲ မ၀င်စေချင်။

ВЫ ЧИТАЕТЕ
Born To Love You 💞
Фанфикနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...