EP- 58

1K 65 5
                                    


Unicode


ရှောင်ကျန့်  ခါးပေါ်က ကလေးငယ်ရဲ့လက်ကို ဖြုတ်ချကာ ရေချိုးခန်းထဲ အမြန်ဝင်လာလိုက်သည်။

သူသာ ကလေးငယ်ရဲ့ မျက်နှာလေးကို တခနလေးဘဲ ဖြစ်ဖြစ် စောင်းငဲ့ကြည့်ခဲ့မယ်ဆိုရင် သူတင်းထားသမျှ အားလုံးအလဲလဲ အကွဲကွဲ ဖြစ်ကုန်လိမ့်မယ်။

တကယ်တော့ ကလေးငယ်ရဲ့ ဟန်ဆောင်မှုကို သူသိပ်သိခဲ့တာပေါ့ ။ ကလေးငယ်အခုလို သာမာန်လူတယောက်လို ပြန်ရှင်သန်နိုင်တဲ့ အတွက်လဲ ကလေးငယ်အတွက် သူ အမြဲတမ်း အရမ်းဝမ်းသာပေးခဲ့တာ။ ကလေးကို အရိပ်တကြည့်ကြည့်နဲ့ အမြဲ ကြည့်နေခဲ့တဲ့ သူက ဒီကလေးငယ်ရဲ့ ဟန်ဆောင်ခြင်းကို မသိခဲ့စရာလား ချစ်လွန်းလို့ သူကလေးငယ်ကို ချစ်လွန်းလို့ ကလေးငယ် စိတ်ချမ်းသာအောင် သူပါ ကလေးငယ် ကတဲ့ ဇာတ်ထဲ ပျော်ပျော်ကြီး ဝင်ကပေးခဲ့တာ။

တနေ့  ကလေးငယ်နူတ်က ဖွင့်ပြောလာတဲ့ တနေ့ကို  သူ စောင့်နေပေးခဲ့ဝာာ ကလေးငယ်နူတ်ကဖွင့်ဟလာတဲ့ အချိန်ကျ သူအတိုးချပြီး ပျော်ရွှင်ဂုဏ်ပြုပေးချင်ခဲ့တာ။
တနေ့ ကလေးငယ် သူ့ကို ပွင့်လင်းလာတဲ့ တနေ့ ကလေးငယ်ကို သူ ချစ်ခွင့်ပန်ဖို့ စဉ်းစားထားခဲ့တာ။ ပြီးရင် ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကိုပါ ဆက်တည်ထောင်ဖို့အထိ ရည်ရွယ်ထားခဲ့တာ။ကလေးငယ် သူ့ အပေါ် ပွင့်လင်းလာတဲ့ ထိုတနေ့ အတွက် သူအိမ်မက်တွေ အများကြီး တည်ဆောက်ခဲ့တာ။ အခုတော့ အခုတော့ အားလုံးက သွားခဲ့ပြီ။

ရှောင်ကျန့် အတွေးများစွာနဲ့ နာကျင်စွာ ငိုကြွေးနေတဲ့ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းက မျက်ရည်တွေလျှံကျနေသလို သူနှာခေါင်းမှလဲ သွေးတွေလျှံကျနေလေရဲ့။

ရှောင်ကျန့် မှန်ရှေ့ကသူ့ကိုယ်သူ ကြည့်လိုက်ပြီး  လျှံကျနေတဲ့ နှာခေါင်းသွေးတွေကို ဖယ်ရှားလိုက်သည်။ နာကျင်ခြင်းရဲ့ သက်သေဖြစ်တဲ့ မျက်ရည်ကိုတော့ ချန်လှပ်ထားမိသည်။


သူ့နားထဲ တိုးဝင်လာတဲ့ အပြင်က ကလေးငယ်ရဲ့ ငိုရှိုက်သံက သူ့ရင်ကို အစိမ်းလိုက်ခွဲနေသလိုပင်။ ရှောင်ကျန့် ကလေးငယ်ရဲ့ ငိုရှိုက်သံကြောင့် သူပါ လိုက်ငိုကြွေးနေမိတယ်။ သို့ပေမဲ့ သူ့ငိုကြွေးသံ ကလေးငယ်မကြားနိုင်စေရန်  လက်ကို တင်းတင်းဆုပ်ကာ ပါးစပ်ထဲ ကိုက်ထားရင်း သူ့ရဲ့ ငိုကြွေးသံ အပြင်သို့ထွက်မကျစေရန်ကြိုးစားနေမိသည်။  သူ့ငိုကြွေးသံကို ကလေးငယ်ကြားလို့မဖြစ်။

Born To Love You 💞Where stories live. Discover now