EP- 49

1K 83 2
                                    

Unicode~~

'ဒေါက် ဒေါက် ဒေါက်'
.
.
"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

"ကိုကို"

ရှောင်ကျန့် ဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ကြားလိုက်ရတဲ့ တံခါးဖွင့်သံ နဲ့ အတူ ကြားလိုက်ရတဲ့ တိုးညှင်းတဲ့ အသံချိုအေးအေးလေး။

"ကလေးလေး "

"ဟုတ် ကိုကို"

"လာလေ  မအိပ်သေးဘူးလား... ဟင်? ကလေးလေး "

"သား တယောက်တည်းမအိပ်ရဲလို့...အဲ့ အဲ့ဒါလေ... ဟိုးအရင်ကလို သားကိုကိုနဲ့ဘဲ  တူတူအိပ်လို့ရလားဟင်"

ဟူ၍ တောင်းဆိုလာတဲ့ကလေးငယ်။

ထိုသို့ တောင်းဆိုနေစဉ် အနည်းငယ် တုန်လှုပ်နေတဲ့ အသံက ကလေးငယ်ရဲ့ ကြောက်ရွံ့မှူအတိုင်းအတာကိုပြနေလေသည် ။ သို့ပေမဲ့  ဆေးနံ့ ပြင်းပြင်းတွေနဲ့ ပြည့်နှုက်နေတဲ့ သူ့အခန်းထဲ ကလေးငယ်ကို အိပ်စက်စေမည်ဆိုရက်လဲ ထိုဆေးနံ့ပြင်းပြင်းတွေကြောင့် ကလေးငယ် ခေါင်းကိုက်မည်ကိုလဲ ရှောင်ကျန့်စိုးရွံ့သည်မို့ ကလေးငယ်တောင်းဆိုတာကို ငြင်းဆန်ရန်ပြင်လိုက်သည်။

"ဒါပေမဲ့ ကိုကို့အခန်းကလေ..."

သူတကယ်ကို ဆေးနံ့တွေနဲ့သာ ပြည့်နူက်နေတဲ့ သူ့အခန်းထဲ ကလေးငယ်ကို မအိပ်စက်စေလိုပါ ထို့ကြောင့်ဘဲ ကလေးငယ်ကို အရင်က ကလေးငယ်အတွက်ပြင်ဆင်ထားတဲ့ အခန်းထဲမှာ နေဖို့ စီစဉ်ခိုင်းစေခဲ့တာ။

"သား ... သား တယောက်တည်း.....မအိပ်ရဲလို့ ပါ...နော် "

မရဲတရဲနဲ့ အနောက်ပိုင်းတွင်သိမ်ဝင်သွားတဲ့အသံလေးက သူ့ရင်ကိုနာကျင်စေပြန်သည်။ ဟိုးအရင်တည်းက ကလေးငယ်တယောက်တည်းမအိပ်ရဲတာ သိတဲ့သူက ဘာကြောင့် ကလေးငယ်ကိုတယောက်တည်းအိပ်စက်နေဖို့ စဉ်းစားမိရတာလဲ ဟူ၍ သူ့ကိုယ်သူသာ အပြစ်ဖို့နေမိသည်။

ရှောင်ကျန့် သူ့ဘေးဖက် လွတ်နေတဲ့ တနေရာကို ပုတ်ပြကာ ကလေးငယ်ကိုခေါ်လိုက်သည်။

"  လာ လာခဲ့ ကလေးလေး "


*****

ကိုကို့ဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ရိပေါ် ကိုကို ဘေးနားဝင်လှဲလိုက်ကာ ကိုကို့ လက်မောင်းကိုဆွဲယူလိုက်ပြီး ခေါင်းအုံးလိုက်ရင်း~

Born To Love You 💞Where stories live. Discover now