Unicode
ရိဖန် ကောင်လေးကို အိမ်လိုက်ပို့ပြီး ချိန်းထားရာကို ဆက် မသွားတော့ဘဲ အိမ်ကိုသာပြန်ခဲ့ရန်သာပြင်လိုက်သည်။
ရိဖန်ကားမောင်းနေရင်းက သူ့မျက်နှာပေါ်က အပြုံးတွေက အတောမသတ်နိုင်။ သူ ဒီနေ့ တကယ်ကို ပျော်နေမိတယ် ဘာလို့ဆို ကောင်ငယ်လေးနဲ့ ရင်းနှီးခွင့်ရတဲ့ နေ့လေးမလို့ ။ အရူးတယောက်လိုဘဲ သူ တယောက်တည်းပြုံးပြီးရင်း ပြုံးနေမိတယ်။
~~ကိုကို ရိဖန်တဲ့လား ......ပြုစားနိုင်လိုက်တာကောင်လေးရာ~~
သူကောင်လေးကို တွေးရင်း မောင်းလာခဲ့တာ အိမ်တောင်ရောက်မှန်းမသိ ရောက်လာခဲ့ပြီ ။
သူခြံအကျယ်ကြီးကို ဖြတ်မောင်းလာပြီး အိမ်ဆောင်နားရောက်တော့ တွေ့လိုက်ရတာက ကားနားရပ်ကာ စကားပြောနေကြတဲ့ ခြူးဟွား ကျဲ နဲ့ ကောင်လေးမျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ ကိုကိုဆိုတဲ့ ရှောင်ကျန့် ။
သူက ဒီမှာ တခြားမိန်းကလေးတယောက်နဲ့ ရီမော်ပျော်ရွှင်စွာနဲ့ စကားလက်ဆုံကြနေချိန် သူ့ကို အချိန်တွေအကြာကြီး စောင့်နေခဲ့ရတဲ့ ကောင်လေးက ဟိုမှာ ဘာတွေကြုံတွေ့ခဲ့ရရှာလဲ။ရိဖန်တွေးရင်း အမြင်အာရုံထဲပြန်ပေါ်လာတဲ့ ရိပေါ် အနိုင်ကျင့်ခံရတဲ့ မြင်ကွင်းတွေ ရိပေါ် ကြောက်ရွံ့ကာ ငိုနေတဲ့ မြင်ကွင်းတွေ။ ထိုမြင်ကွင်းတွေကို ပြန်မြင်ယောင်လာကာ တဖန် အစပြန်ပျိုးလာတဲ့ သူ့ဒေါသတွေ။
'တောက်'
ရိဖန် တက်တချက်ခေါက်လိုက်ပြီး ကားပေါ်က ဒေါသတကြီးဆင်းကာ ရှောင်ကျန့်တို့ဆီ ခြေလှမ်းကျဲတွေနဲ့ သွားလိုက်ပြီး ကျဲနဲ့ စကားပြောနေတဲ့ ရှောင်ကျန့်ကို ဆွဲလှည့်ကာ ထိုးလိုက်သည်။
'ခွပ်'
"ရိဖန်"
ရုတ်တရက် အထိုးခံလိုက်ရတော့ ကြောင်သွားတဲ့ ရှောင်ကျန့်နဲ့ သူ့လုပ်ရပ်ကို လန့်သွားကာ ထအော်လာတဲ့ ကျဲ။
"မင်းးးးး"
ကြောင်နေရာက ဒေါသတကြီး တဖန်သူ့ ကော်လံကို ဆွဲဆုပ်ကာ ပြန်ထိုးရန် ရွယ်နေတဲ့ ရှောင်ကျန့်ကို ရိဖန် အော်ပြောလိုက်သည်။

ESTÁS LEYENDO
Born To Love You 💞
Fanficနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...