Unicode
စုချင်း အိမ်ပြန်ရောက်လို့ ခြံတံခါးဖွင့်နေစဉ် သူ့ နောက်ကနေထိုးလာတဲ့ ကားမီးစူးစူးကြောင့် မျက်စိကိုကာကာ လှည့်ကြည့်လိုက်တော့ ကားစက်သတ်ကာ ဆင်းလာတဲ့ ဒေါက်တာ နဲ့ လူငယ်လေးတယောက်။
"ဟင် ဒေါက်တာ ဘယ်ကဘယ်လို "
"နိဟောင်အန်တီ ကျတော်တို့ ရိပေါ်လေးကို ပြန်လာပို့တာပါ"
"ဟင် သားက ဘယ်လိုလုပ် ဒေါက်တာတို့နဲ့ "
"ဟို စိတ်မရှိရင် အိမ်ထဲ အရင်သွားလို့ရမလားဗျ ကလေး အာာာ ရိပေါ် က အိပ်ပျော်နေတော့ ကြာကြာဆို ဇက်တွေနာနေမှာစိုးလို့"
ရှောင်ကျန့် လူကြီးစကားကိုဖြတ်မပြောသင့်မှန်းသိပေမဲ့ ကားထဲက ကလေးငယ်လေး သက်တောင့်သက်သာ မဖြစ်မှာစိုးရိမ်စိတ်ကြောင့် ရှေ့က အန်တီ စကားမဆုံးခင် ရှောင်ကျန့်က၀င်ပြောလိုက်မိတယ်။
" အို သားက အိပ်တောင်ပျော်နေတာလား အင်း အင်း ၀င်ကြရအောင် "
"ကျိုးချန် တက်"
ခြံတံခါးအမြန်ဖွင့်ပေးကာ ကားပေါ်ပြန်တက်သွားတဲ့ အန်တီကြောင့် ရှောင်ကျန့်လဲ ကျိုးချန်ကိုခေါ်ပြီး ကားပေါ် ပြန်တက်လိုက်ကာ ခြံထဲ မောင်း၀င်လိုက်သည်။
"၀မ်လေး သား ၀မ်လေး ထတော့လေ"
ခြံထဲရောက်တော့ သူ့ကားတံခါးလေးကို လာဖွင့်ကာ ကလေးငယ်လေးကို နိူးနေတဲ့ အန်တီကြောင့်~
"ထားလိုက်ပါ အန်တီ အိပ်ပါစေ ကျတော်တို့ချီသယ်ခဲ့ပေးပါမယ်"
"အို မဟုတ်တာသားရယ်"
"ရပါတယ် အန်တီ ရိပေါ်လေးအိပ်ပါစေ သူ တော်တော် အကြောက်လွန်သွားရှာတာ အဲ့ဒါကြောင့် ငိုရင်း အိပ်ပျော်သွား...."
"ကျိုးချန်"
ရှောင်ကျန့် ကျိုးချန်ကို လှမ်းဟန့်ပြီး ခေါင်းခါပြလိုက်တယ်။ ထိုကိစ္စကို မိခင်တယောက် အနေနဲ့ သိရင် ဘယ်လောက်တောင် ယူကြုံးမရဖြစ်လိမ့်မလဲ ဆိုတာသူစာနာလို့။
"သားက အကြောက်လွန်တယ်ဆိုတာ ဘာ ဘာကိုဆိုလိုတာလဲ"
"ဟို ဟို"

YOU ARE READING
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...