Unicode
ခုတလော ရိပေါ်ရဲ့ နေ့ရက်တွေက အရမ်းလှပနေလေရဲ့။
ကျောင်းပိတ်ရက်လဲဖြစ် မားမားကလဲ ခါတိုင်းလို အချိန်ပြည့်အလုပ်ချည်းဘဲ လုပ်မနေတော့ဘဲ အလုပ်ကခွင့်ယူပြီးတောင် သူ့အနားအမြဲရှိပေးတဲ့ အပြင် သူစားချင်တာတဲ့အရာ သူသွားချင်တဲ့နေရာ သူဖြစ်ချင်တာ အကုန် လုပ်ပေးတယ်လေ။
တခါတခါဆို မားမားအပြင် ကိုကိုနဲ့ပါ အတူတူ လျောက်လည်ရသေးတယ် ထိုရက်မျိုးဆို ၀မ်ရိပေါ် တို့က သိပ်သိပ်ပျော်။
.
.
.ရိပေါ် အိပ်နေရာက တရေးနိုး ရေဆာလာသဖြင့် ဘေးက ရေဘူးကို လှမ်းယူလိုက်တော့ ရေဗူးအလွတ်က သူ့ကိုကြိုဆိုနေ လေရဲ့။
"အီးးး အောက်ဆင်းရမှာ ကြောက်ပါတယ်ဆို"
ပြောရင်း နာရီကိုကြည့်လိုက်တော့ ၁၁ နာရီ ။
သရဲကြောက်တတ်တဲ့သူက ဒီတိုင်း သည်းခံနေလိုက်ဖို့ စဉ်းစားသော်လဲ ခြောက်သွေ့နေတဲ့ လည်ချောင်းကြောင့် အားတင်းလိုက်ကာ ရေဗူးကို ကောက်ကိုင်ကာ အပြင်ကို ထွက်လာခဲ့လိုက်သည်။
အပြင်ရောက်တော့ မှောင်မဲမနေတဲ့ အိမ်လေးကြောင့် ကြောက်စိတ်အနည်းငယ်ပြေသွားရကာ
"မားမား အိပ်သေးဘူးထင်တယ်"
ရေရွတ်ရင်း အောက်ထပ်ဆင်းရန်ပြင်လိုက်တော့ တွေ့လိုက်ရတာက လှေကားရင်း ကြမ်းပြင်ပေါ် မှာ ပုံပုံလေးလဲကျနေတဲ့ မားမား။
"မားမား "
အောက်မှာ လဲကျနေတဲ့ မားမားကိုတွေ့တာနဲ့ လက်ထဲက ရေဗူးက ကြမ်းပြင်နဲ့ မိတ်ဆက်သွားတော့သည်။
ရိပေါ် လက်ထဲက လွတ်ကျသွားတဲ့ ရေဗူးကို သတိပင်မမူမိတော့ဘဲ လှေကားရင်း က မားမား ဆီကိုသာပြေးဆင်းသွားလိုက်ကာ မားမားကို လှုပ်နိူးနေမိသည်။"မား မား ဟင့် မားမား ဘာဖြစ် ဟင့် တာလဲ"
"မားမား ဟင့် မားမားလို့ သား ဟင့် သားသား ခေါ်နေတယ်ဟင့် မားမား"
မားမားက သူဘယ်လောက်ခေါ်ခေါ် နိုးထလာခြင်းမရှိတာမို့ အတုန်တုန် အယင်ယင်ဖြင့်
"ကိုကို ဟင့် ကိုကို့ကို ခေါ် ခေါ်ရမယ် "
ရိပေါ်တယောက်တည်းရေ ရွတ်ရင်း~

VOCÊ ESTÁ LENDO
Born To Love You 💞
Fanficနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...