Unicode
ရိပေါ် ကိုကိုနဲ့ လီချင်ကျဲ စကားပြောလို့ရအောင် ရှောင်ထွက်ပေးလာလိုက်သည်။
သူခေါင်းငုံ့ကာ လမ်းလျောက်လာနေစဉ် သူ့ရှေ့ပိတ်ရပ်လိုက်တဲ့ ခြေအစုံကြောင့် မော့ကြည့်လိုက်တော့~
"ကျိုး အာာာ ကိုကိုဒေါက်တာ"
"အင်း ဘယ်သွားမလို့လဲ Ge အခုဘဲ ရိပေါ်လေးတို့ဆီ လာမလို့"
"အော် လီချင်ကျဲနဲ့ ကိုကို ပြောစရာလေးရှိလို့တဲ့ အဲ့ဒါ"
"အော် "
သူဆိုလိုတာကို သဘောပေါက်သွားတဲ့ ကျိုးချန်ge။
"ဒါဆို Geတို့လဲ စကား ခနပြောကြမလား "
တည်ကြည်တဲ့ မျက်နှာ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာတဲ့ ကျိုးချန်ge။
"ဟုတ် ရတယ်လေ"
"အဲ့ဒါဆို လာ လမ်းလျောက်ရင်းပြောကြရအောင်"
"ဟုတ်"
လမ်းလျောက်ရင်း ပြောမယ်ဆိုတဲ့ ကျိုးချန်geက ဆေးရုံ ပန်းခြံထဲ ရောက်တာတောင် ဘာစကားမှ မဆိုသေးတာကြောင့်~
"ကျိုး AHH ကိုကို ဒေါက်တာ ကျ...အာ သားကို ဘာပြောမလို့လဲ"
" ရိပေါ်လေး"
"ဟုတ်"
"Ge အားလုံး သိပြီးသွားပြီ"
"ဗျာ"
" ရိပေါ်လေး ခံယူခဲ့တဲ့ ခွဲစိတ်မှုက အောင်မြင်ခဲ့တယ်ဆိုတာကော အခု ရိပေါ် လေးက သာမာန်လူတယောက်လို ဖြစ်နေပြီဆိုတာကော"
ကျိုးချန် geရဲ့ စကားက သူ့ကို တုန်လှုပ်သွားစေပါသည်။
"Ge Geက ဘယ်လို"
" Geသိတာ နဲနဲတော့ ကြာနေပါပြီ အရက်ပတ်က US သူငယ်ချင်းနဲ့ စကားစပ်မိရင်းက သူ့ဆရာလူနာအကြောင်းပြောဖြစ်တယ် အဲ့လူနာကလဲ တရုတ်လူမျိုးဘဲလို့ ပြောပြရင်းမှ အဲ့ လူနာက ရိပေါ်လေးဆိုတာ သိခဲ့တာ"
"တောင်းပန်ပါတယ် ကျတော် လိမ်ညာဖို့ မရည်ရွယ်ပါဘူး"
"မဟုတ်တာ ရပါတယ် ရိပေါ်လေး အခုလို ပြန်ကောင်းသွားဝာာ Ge က ဝမ်းတောင်သာသေးတယ် "
![](https://img.wattpad.com/cover/283152768-288-k266867.jpg)
BINABASA MO ANG
Born To Love You 💞
Fanfictionနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...