EP-51

1.1K 88 2
                                    

Unicode

လေဆိပ်ထဲတွင်  ခရီးဆိုက်ရောက် လာသူကို ကြိုဆိုနေကြတဲ့လူတွေ ၊ အချင်းချင်း မတွေ့တာကြာလို့  ဖြစ်မယ်ထင်ပါရဲ့ အချင်းချင်းထွေးပွေ့ကာ ငိုကြွေးနေကြတဲ့ လူတွေ။ ထိုလူတွေအားလုံးကို ရိဖန် အားကျစွာ လိုက်ကြည့်နေမိသည်။

သူအားကျပါသည်။ ထိုသို့ ဝမ်းမြောက်စွာ ကြိုဆိုခံရသူတွေကို သူအမှန်တကယ်ကို အားကျမိပါသည်။ ထိုအရာက သူ့ဘဝမှာဘယ်တော့မှ မကြုံတွေ့နိုင်မဲ့ အရာမို့လေ။

သူ့လိုလူက ဒီလောကကြီးထဲ ရောက်လာချိန်ကရော သူရှင်သန်နေခဲ့တဲ့ သက်တမ်းတလျောက်ရော  ဘယ်သူကမှ ကြိုဆိုခြင်းမရှိတာဘဲလေ။ တခါလေးလောက်တော့ သူလဲ ကြုံတွေ့ဖူးချင်ပါသည်။ ဘဝမှာ တခါလေးလောက်တော့ တယောက်ယောက် ရဲ့ နွေးထွေးစွာကြိုဆိုခြင်းကို ခံရဖူးချင်ပါသည်။

"ဟူးးးးး"

ရိဖန် လေပူတချက်မှုတ်ထုတ်လိုက်ခြင်းနဲ့ သူ့ရဲ့ မဖြစ်နိုင်တဲ့ အတွေးတွေကို ရပ်တန့်စေလိုက်ပြီးနောက် သူ့ luggage ကိုဆွဲကာ ကားငှားရန် လေဆိပ်ပြင်သို့ထွက်ရန်ပြင်လိုက်သည်။ ပြီးရင် သူ့ကောင်ငယ်လေး ကို surpriseသွားတိုက်ရအုံးမယ်လေ။ 

အစကတော့ သူ သူ့ကို မလိုလားတဲ့ မိသားစုရှိတဲ့ ဒီနိုင်ငံကြီးကို ဘယ်တော့မှ  ပြန်မလာဖို့ ရည်ရွယ်ထားခဲ့ပါသော်လည်း ကောင်ငယ်လေးရှိရာအရပ်က သူရှိနေရမည့်အရပ်ဘဲမို့  ဒီကို သူပြန်လာရခြင်း။

သူခေါင်းကို ငုံ့ကာ လမ်းလျောက်လာနေစဉ် သူ့ရှေ့မှာပိတ်ရပ်နေတဲ့  shoes ဖိနပ်အဖြူ‌လေး တစုံ ။ ထို ခြေအစုံ ကြောင့် ရိဖန် သူ့ရှောင်သွားရန်ပြင်လိုက်သော်လည်း သူရှောင်တဲ့ ဖက်ကို လိုက်ရွေ့ကာ သူ့လမ်းကိုပတ်နေတဲ့သူကြောင့် ရိဖန် ဒေါသတကြီးနဲ့ မော့ကြည့်လိုက်တော့ မြင်လိုက်ရသည်က အပြုံးလေးနဲ့ ရပ်နေတဲ့သူက သူလုံးဝမမျှော်လင့်ထားခဲ့တဲ့သူ။

*****

ရိပေါ်  သူ့ကို မော့ကြည့်မလာဘဲ ရှောင်သွားရန်ပြင်လိုက်တဲ့ ရိဖန်geကြောင့် ရိပေါ်  geမသွားနိုင်အောင် လမ်းလိုက်ပိတ်ထားတော့   စိတ်ဆိုးစွာ နဲ့ မော့ကြည့်လာတဲ့ ရိဖန်geကို ရိပေါ် အနွေးထွေး ဆုံး ပြုံးပြလိုက်ပြီး geကို ကြိုဆိုရန် လက်နှစ်ဖက်ကို ဆန့်တန်းကာ

Born To Love You 💞Место, где живут истории. Откройте их для себя