Unicode
ပါးအခြေနေတွေတည်ငြိမ်သွားမှ ရှောင်ကျန့် ဘေးက ဦးလေးလုံကို ပြောလိုက်သည်။
"ကျတော် အလုပ်သမားအားလုံးနဲ့ တွေ့ချင်တယ် ဦးလေးလုံ"
"ဘယ်လို ဖြစ်တာလဲ ဟမ် ငါသေချာမှာထားတယ်မဟုတ်လား ပါးရောဂါက မက်မှုံသီးနဲ့မရဘူးဆိုတာ "
သူ့ရှေ့ကတန်းစီနေတဲ့ ၀န်ထမ်းတွေကို အော်လိုက်မိတော့~
" သခင်ကြီးကို မက်မှုံသီးပါတဲ့ အစာမကျွေးမိပါဘူး သခင်လေး ညစာကို သခင်မကြီး ကိုယ်တိုင်က သေချာစီစစ်ထားတာပါ"
မီးဖိုချောင် တာဝန်ယူရတဲ့ ဖေးအာဆိုတဲ့ ကလေးမဆီက ထွက်လာတဲ့ စကားသံ။
"ဒါဆို ဘယ်လိုလုပ် ပါးက မက်မှုံသီးပါတဲ့ အစာကို စားမိရတာလဲ ဟမ် "
" ဟို ဟို တခုတော့ ရှိတယ် အဲ့ဒါ..အဲ့ဒါ .. "
"ဆက်ပြောလေ"
အထစ် အထစ်နဲ့ စကားမဆက်လာတာကြောင့် ရှောင်ကျန့် စိတ်မရှည်စွာနဲ့ အော်လိုက်မိသည်။
"သခင်ကြီးက ညစာစားပြီးတဲ့အထိ အကောင်းပါ သခင်လေး ပြီးမှ သခင်လေး ရိပေါ် ယူလာတဲ့ ကိတ်ကိုစားပြီးမှ ခုလိုဖြစ်သွားတာပါ "
"ဘာာာာ ဘာပြောလိုက်တယ် "
ရှောင်ကျန့် သူကြားလိုက်တဲ့ စကားကို မယုံနိုင်စွာထပ်မေးမိတော့ ~
"သခင်လေး ရိပေါ် ယူလာတဲ့ ကိတ် ကို စားပြီးမှ သခင်ကြီး အခုလိုဖြစ်သွားတာပါ အဲ့ဒါ ကိတ်မှာများ အမှားတခုခုပါနေမလားလို့ ဟို ကျမက သခင်လေးရိပေါ်ကို အပြစ်ပုံချတာမဟုတ်ပါဘူး ဒါပေမဲ့ ..."
" ကိတ်အကျန်ရှိသေးတယ်မလား သွားယူလာခဲ့"
"မရှိတော့ပါဘူး သခင်လေး သခင်လေးရိပေါ်က သူနဲ့ သခင်မကြီး သခင်ကြီးတို့အတွက် ပို့ပေးပြီးတာနဲ့ ကျန်တာ ကျမတို့ကို အကုန်ခွဲစားဖို့ ပြောလို့ ကျမတို့ စားလိုက်ပါတယ်....."
"ဘာာာာ"
မဟုတ်ဘူးမလား။ ပါးကိုအခုလို ဖြစ်စေခဲ့တဲ့ တရားခံက ကလေးငယ်မဟုတ်ဘူးမလား။ ကလေးငယ်ရဲ့ မှတ်ဉာဏ်က သာမာန်လူတွေရဲ့ မှတ်ဉာဏ်ထက် အဆပေါင်းများစွာ ကေ င်းတာလေ။ သူအတန်တန်မှာထားခဲ့တဲ့ ဒီကိစ္စကိုတော့ သူမမေ့ပစ်လောက်ဘူးမလား။ အကယ်၍ အကယ်၍ ကလေးငယ်သာ မှားခဲ့တယ်ဆိုရင်ကော။
![](https://img.wattpad.com/cover/283152768-288-k266867.jpg)
ŞİMDİ OKUDUĞUN
Born To Love You 💞
Hayran Kurguနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...