EP- 32

1.1K 95 12
                                    


Unicode

ကျေးငှက်လေးတွေရဲ့ တေးသီကျူးသံကြောင့် အိပ်စက်နေရာမှ နိူးထလာခဲ့တဲ့ ရှောင်ကျန့်။

သူ့ရဲ့ မနက်တိုင်း လုပ်နေကျဖြစ်တဲ့ အလေ့အထအတိုင်း ဘေးက လူသားလေးကို ကိုယ်ကို စောင်းလှည့်လိုက်ပြီး ခေါင်းကိုလက်‌ထောက်ကာ ကြည့်နေမိသည်။

ခုဆို ကလေးငယ် သူတို့နဲ့ နေလာတာ ၁လကျော်ပြီ ဒီအတောအတွင်း ကလေးငယ်ကို အရင်လို သွက်လက်ပျော်ရွှင်တဲ့ ကလေးငယ်အဖြစ်တဖန် ပြန်လည်မြင်တွေ့နေရပြီ။

~~ နာကျင်စရာတွေနဲ့ ပြည့်နူက်နေပြီး ဖြူစင်လွန်းတဲ့ မင်းဘဝလေးကို စောင့်ရှောက်ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို  ကိုကို သိပ်ကျေးဇူးတင်တာဘဲ ကလေးလေးရာ~~

ရှောင်ကျန့် ကလေးငယ်ကို ကြည့်ကာ ရေရွတ်နေမိရင်းမှ နာရီကိုတချက်လှမ်းကြည့်မိတော့ ၇နာရီပင်ရှိပြီမို့  ကလေးငယ်ရဲ့ နဖူးပြင်ထက် အနမ်းခြွေလိုက်ပြီး companyသွားရန် ထရေမိုးချိုးရန် ထလိုက်သည်။

ရှောင်ကျန့် ရေချိုးပြီးထွက်လာတော့ အိပ်ရာထက် အိပ်ချင်မူးတူးမျက်နှာလေးနဲ့ ထထိုင်နေတဲ့ ကလေးငယ်။ ကြည့်ရတာ သူ့ဘေးမှာလူမရှိတော့ နိူးလာပုံဘဲ။

" နိူးပြီလား ကလေးလေး "

ရှောင်ကျန့် ခေါင်းကရေကို သုတ်နေရင်းနဲ့ ကလေးငယ်ဘေးနားဝင်ထိုင်လိုက်ကာ နူတ်ဆက်လိုက်တော့~

" ဟုတ် ကိုကို"

"အစောကြီးရှိသေးတယ် ဆက်အိပ်အုံးလေ ကလေးလေးရဲ့  ကိုကိုက အရေးကြီး meetingရှိလို့ companyကို အစောကြီးသွားရမှာမို့ စောစောထတာ "

"ဟင့်အင်း အိပ်ချင်တော့ဘူး"

ပြောကာ အိပ်ယာထက် ဒူးထောက်ထိုင်၍ သူ့ခေါင်းပေါ်က ပုဝါကိုဆွဲယူကာ သူ့ခေါင်းကို သုတ်ပေးနေတဲ့ ကလေးငယ်။ ဒီနေ့မှ ကလေးငယ်က ခါတိုင်းထက်ကို ပိုလိမ္မာနေသလိုပင်။

အနောက်ကနေ သူ့ခေါင်းကိုသုတ်ပေး‌ကာ စကားစလာတဲ့ကလေးငယ်။

"ကိုကို "

"ဗျားးးး"

"ဟိုလေ ဟို"

သူ့ကို တခုခုပြောချင်နေပေမဲ့လည်း ပြောရခက်နေပုံပင်။ ပြောရခက်နေတဲ့ ကလေးငယ်ကို ရှောင်ကျန့် သူ့ရှေ့ဆွဲခေါ်ကာ ပေါင်ပေါ်တင်၍ မျက်နှာချင်းဆိုင်စေလိုက်ကာ~

Born To Love You 💞Tempat cerita menjadi hidup. Temukan sekarang