EP- 50

1.1K 95 6
                                    

Unicode

Two weeks later~~~~~~

အလင်းမိန်မိန်လေးသာ ဖွင့်ထားတဲ့ Xiao groupပိုင် Private ဆေးရုံတခုရဲ့ VVip အခန်းလေး တခန်းအတွင်း တွင်တော့ စိတ်လှုပ်ရှားမှု များစွာနဲ့ စုဝေးနေကြတဲ့လူတွေ။ အကြောင်းကတော့ ဒီနေ့ဟာ Xiao groupရဲ့ တဦးတည်းသော အမွေဆက်ခံသူဖြစ်တဲ့ ရှောင်ကျန့် ပတ်တီးဖြေရမဲ့နေ့ဖြစ်သလို အစားထိုးခွဲစိတ်မှုရဲ့ resultကိုသိရမည့်ရက်လဲဖြစ်သည်မို့ ။

ဘေးကလူတွေ စိတ်လှုပ်ရှားနေကြသလို ကံယကံရှင်ဖြစ်တဲ့ ရှောင်ကျန့်ကိုယ်တိုင်လဲ စိတ်လှုပ်ရှားလွန်းသဖြင့် လက်တွေက အေးစက်နေသည်။

"ကျတော် ပတ်တီး ဖြေတော့မယ်နော်"

"ခ ခနလေးပါ ဒေါက်တာ ...ကလေးလေး"

ရှောင်ကျန့် နူတ်ကကလေးလေးကို ခေါ်ကာ လက်ကလဲလေထဲစမ်းတဝါးဝါးနှင့် ကမ်းကာရှာလိုက်တော့ ~

"သားဒီမှာရှိနေပါတယ် ကိုကို"

ပြန်ရလိုက်တဲ့ စကားသံနဲ့အတူ သူ့လက်ကို ဖမ်းဆုပ်လာတဲ့အေးစက်စက် လက်ကလေးတစုံ။ကြည့်ရတာ ကလေးငယ်လဲ သူ့လိုဘဲ စိတ်လှုပ်ရှားနေသည် ဖြစ်ရမည်။

"ကိုကို့နားမှာ လာထိုင်ပေးပါလား ကလေးလေး"

"ဟုတ်"

သူ့ရှေ့ မွေ့ယာက အိကျသွားပုံအရ ကလေးငယ်က သူ့နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ပြီးပုံပင်။

ရှောင်ကျန့် ကလေးငယ်ရဲ့ လက်ကလေး၂ဖက်လုံးကို စမ်းကာ ဆွဲယူဆုပ်ကိုင်လိုက်ပြီးမှ~

"ရပါပြီ ဒေါက်တာ"

"ဟုတ်ကဲ့ CEO"

ဒေါက်တာက ပတ်တီးတွေအားလုံးကို ဖယ်ရှားပြီးတော့~

"ဖြေးဖြေးချင်းဘဲ ဖွင့်ပေးပါ"

ဆရာဝန်တွေရဲ့ ညွှန်ကြားမှု အတိုင်း ရှောင်ကျန့် မြင်လွှာကို ဖြေးညင်းစွာဖွင့်လိုက်သော်လည်း မျက်စိတဲ့ စူးဝင်လာတဲ့ အလင်းဒဏ်ကို မခံနိုင်တာကြောင့် မြင်လွှာကို အမြန်ဆုံးပြန်ပိတ်လိုက်တော့~

"ဘာ ဘာဖြစ်တာလဲ ကိုကို ...ကိုကို ဘာဖြစ်တာလဲ ဒေါက်တာ လုပ် ...လုပ်ပါအုံး "

Born To Love You 💞Where stories live. Discover now