Unicodeရိဖန် တယောက် ဒီနေ့ ဝောာ့ အရမ်းရွှင်လန်းစွာနဲ့ နိူးထလာရသည်။ အကြောင်းရင်းကတော့ဒီနေ့ သူ့ကောင်ငယ်လေးနဲ့ ဆိုင်ကယ်ကွင်းသွားဖို့ ချိန်းထားသောကြောင့်ပင်။
ရိဖန် အိပ်ယာထက် ထထိုင်လိုက်ကာ အကြောဆန့်လိုက်ပြီး ဘေးစားပွဲပေါ်တင်ထားတဲ့ နာရီကိုလှမ်းကြည့် လိုက်သည်။ ထို့နောက် သူ့အာရုံက နာရီဘေးနားထောင်ထားတဲ့ photo standလေးဆီ ရောက်သွားသည်။ထိုပုံထဲတွင်တော့ racer ဝတ်စုံ ဖြင့် သူနှင့် သူ၏ကောင်ငယ်လေးက တယောက်ပခုံးတယောက်ဖက်ကာ ပြုံးရွှင်စွာလက်မထောင်နေလေ၏။ ထိုပုံက လွန်ခဲ့တဲ့ ၂လက ပြိုင်ပွဲမှာ ဆုရတုန်းက ရိုက်ဖြစ်ခဲ့တဲ့ပုံ။ တနည်းပြောရမယ်ဆို သူနှင့် သူ့ကောင်ငယ်လေး အတူတွဲရိုက်ထားသော တပုံတည်းသော ပုံလေး။
ရိဖန် ထို photo standလေးကို လှမ်းယူလိုက်ပြီး~"Morning ရိပေါ်"
ရိဖန် ဓါတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်ငယ်လေးရဲ့ မျက်နှာလေးကို ဖွဖွလေးထိတွေ့ကာ နူတ်ဆက်လိုက်သည်။ ဒါဟာလဲ မနက်တိုင်း သူလုပ်နေကျ အလေ့အထလေးတခုပင်။
ဟုတ်ပါတယ် အခုဆို သူ အရမ်းလိုချင်ခဲ့တဲ့ ကောင်ငယ်လေးနဲ့ ရင်းနှီးခွင့်ကို ရခဲ့ပါပြီ။
လွန်ခဲ့တဲ့ ၈လ ရိပေါ် Chinaကို စွန့်ခွာခဲ့ပြီဆိုတာသိတဲ့ အချိန်တည်းက သူ ရိပေါ်ကို ရှာရန် ထွက်ခဲ့တာ ။ ဒါပေမဲ့ ကံတရားက သူ့ကို မျက်နှာသာပေးတယ်လို့ဘဲ ပြောရမလား ဝမ်groupရဲ့ အရှိန်ကြီးမားမှုကြောင့်ဘဲပြောရမလား သူသိပ်တောင် မစုံစမ်းလိုက်ရဘဲ ရိပေါ်ရှိတဲ့ နေရာကို အတိကျသူသိခဲ့ရတယ်။
သူ့ကောင်ငယ်လေးရှိရာ လိုက်ဖို့ သူ ပါးဆီခွင့်တောင်းခဲ့ပေမဲ့ ခွင့်မပြုခဲ့တဲ့ ပါးကြောင့် ပါးနဲ့ အတိုက်အခံလုပ်ကာ မရရအောင် သူကောင်ငယ်လေးနောက်လိုက်ခဲ့သည်။
အဲ့လို သူအရာအားလုံးကို စွန့်ပြီး ထိုကောင်ငယ်လေးနောက်လိုက်ခဲ့ပေမဲ့ ကောင်ငယ်လေးကတော့ ရက်စက်စွာနဲ့ဘဲ အတိတ်က သူ့ကို မေ့ပစ်ခဲ့ပါတယ်။ သူ့ကိုဘဲလားဆိုတော့ သူတင်မကပါဘူး ကောင်ငယ်လေးက သူအရမ်းချစ်ခဲ့တဲ့ ရှောင်ကျန့်ဆိုသူ အပါအဝင် သူနှင့်နီးစပ်ခဲ့တဲ့လူတွေအားလုံးကို ကောင်ငယ်လေးက မေ့ပစ်ခဲ့တာ ။

KAMU SEDANG MEMBACA
Born To Love You 💞
Fiksi Penggemarနာကျင်စရာတွေနဲ့ ပြည့်နှုက်နေပြီး အပြစ်ကင်း ဖြူစင်လွန်းတဲ့ မင်းဘ၀လေးကိုစောင့်ရှောက်ခွင့် ပေးခဲ့တဲ့တွက် ကံတရားကြီးကို ကိုကို သိပ်ကျေးဇူးတင်မိခဲ့တာ ဒါပေမဲ့ ကလေးငယ်ကို အကြိမ်ကြိမ်နာကျင်စေမိတဲ့သူက ကိုကိုကိုယ်တိုင် ဖြစ်လာခဲ့တော့ ကိုကို ဘာဆက်လုပ်ရတော့မှာလဲ...